သံတွဲ မေ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီက သံတွဲမြို့နယ် ဥယျာဉ်ပြင်ကျေးရွာ မင်္ဂလာရာမဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကာ လေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ဓမ္မာရုံပြန်လည်ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်မိုးရန်လိုအပ်သည့် အမိုးသွပ်ပြား (၄၈)ချပ်နှင့် ဆွမ်းဆန်တော်(၁)အိတ်၊ ဆီတစ်ပုံးတို့ကို့လှူဒါန်းခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများသည် သံတွဲမြို့ အမှတ်(၈)ရပ်ကွက် သံတွဲ-တောင်ကုတ်လမ်းမကြီး လက်ယာဖက်ရှိ Nay la Soe San CO.LTD မှ တာဝန်ယူတည်ဆောက်ထားသည့် ပေ(၁၉၀၀) အရှည်ရှိ ကွန်ကရက်ရေနုတ်မြောင်း အားသွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကုမ္ပဏီမှ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ ဆက်)