ဘူးသီးတောင် မေ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်/ကျေးရွာများ၌ သောက်သုံးရေရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဥ်ဖြင့် သောက်ရေသန့်များ ဆက်လက်ပေးဝေလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဟိန္ဒူလူမျိုးများနေထိုင်ရာ ရပ်ကွက်အတွင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တို့၌ စုရပ်ထားရှိကာ ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား သောက်ရေသန့် ဂါလန်(၂၀၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါသောက်ရေသန့်များ သွားရောက်လှူဒါန်းခြင်းသို့ ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ရေပေးဝေနေမှုကို ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်/ကျေးရွာများ၌ သောက်သုံးရေရှားပါးလျက်ရှိခြင်းကြောင့် တပ်မတော်မှ ရေဂါလန်(၂၀၀၀)ဆံ တပ်မတော်ရေသယ်ယာဉ်ဖြင့် သောက်ရေသန့်များ ပေးဝေလှူဒါန်းလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များအတွင်း ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအတွက် (၂)ကြိမ်၊ ကျေးရွာနေပြည်သူများအတွက်(၂)ကြိမ် ပေးဝေလှူဒါန်းခဲ့ကြပြီး အဆိုပါ သောက်ရေသန့်များကို တပ်မတော်ရွေ့လျားရေသန့်စက်ဖြင့် ရေသန့်စင်ပေးလျက်ရှိပြီး တပ်မိသားစုများနှင့် ရပ်ကွက်၊ ကျေးရွာ ဒေသခံပြည်သူများကို နေ့စဉ်ပေးဝေလှူဒါန်း လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)