ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့်စားသောက် ကုန်ပစ္စည်းများ တပ်မတော်ရေယာဉ်ဖြင့် ရောက်ရှိ
ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန်အားကောင်းသောမိုခါမုန်တိုင်းကြောင့် လေဘေးဒုက္ခ ခံစားနေရသည့် ဒေသများသို့ တပ်မတော်မှကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန် ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်ကမ်းကပ်ရေယာဉ်ဖြင့် သယ်ပို့ရောက်ရှိလာရာ ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဉက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက သယ်ယူပို့ဆောင်ရေး တပ်မတော်ကမ်းကပ်ရေယာဉ်ပေါ်မှ ပစ္စည်းများတင်ချမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။