အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အမ်း  မေ  ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်အား ယနေ့ နံနက် ၈ နာရီက အမ်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်အတွင်းရှိ အေးရိပ်သာ ဘုန်းတော်ကြီး ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်း မွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်တန်းဖိုးထားတတ် လာစေရေး ရည်ရွယ်၍ ပထမအကြိမ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား အမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ကျောင်းသား ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များ၊  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပါဝင်စိုက်ပျိုးခဲ့ကြောင်းနှင့် သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းကတိုး(၁၄၀) ပင်၊ ပိတောက်(၅၀)ပင်၊ မဟော်ဂ နီ(၁၀၀)ပင်၊ သင်္ကန်းနက်(၁၅၀) ပင်၊ ကျွန်း(၁၀၀)ပင်၊ စုစုပေါင်း (၅၄၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)