ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်အတွင်းရှိစာသင်ကျောင်းများ အချိန်မီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား

မင်းပြား မေ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော်သည် ယမန်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆောက်လုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကာ ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆောက်အဦများအား ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးညနေပိုင်းတွင် ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများသည်  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ မုန်တိုင်းသင့်ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဆန်နှင့်စားနပ်ရိက္ခာများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

သောင်းရွှေ(ပြန်/ဆက်)