ကရင်ပြည်နယ်

မြဝတီမြို့တွင် နယ်စပ်ဖြတ်ကျော် မီးမိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများ စားဝတ်နေရေး လွယ်ကူအဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့ပေါ်ရပ်ကွက်အတွင်း‌ နေထိုင်သူပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းဖြင့် ရောင်းချပေးသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက် နေ့လယ် (၁) နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်မဲဆန္ဒ မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဘားအံမြို့နယ်၌သမဝါယမကဏ္ဍမှမိုးစပါးရိတ်သိမ်း၊ တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိ

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှမိုးစပါး စိုက်ပျိုးရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် နတ်ကျွန်းကျေးရွာအုပ်စု၊ရွှေတောကျေးရွာရှိ သက်စမ်းရေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများပံ့ပိုး၍ စိုက်ပျိုးထားသော အသင်းသားတောင်သူ(၁၉)ဦး၏ အောင်နိုင်တိုး မိုးစပါးစိုက်ဧက(၃၀)နှင့် မှော်ဘီ-၃ မိုးစပါး စိုက်ဧက (၂၀)တို့အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းရာ  တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်

နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရတပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၁)(၁/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်