ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က ပြည်ထောင်စုစိတ်ဓာတ်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု​မှုအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါ်နန်းညွန့်ညွန့်ခင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာ‌ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ‌ပေးရေးဥက္ကဌ ဦးစိုးသိန်းက ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာတို့ကိုလည်းကောင်း အသီးသီးပောာပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)