ကရင်ပြည်နယ်

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀) ကျောင်းသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမှိုက်များခွဲခြားစွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းသို့ အမှိုက်ပုံးများ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြဝတီမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများကို လစဥ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဉီး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီမှစတင်၍ ကော့ကရိတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ယာယီဖွင့်လှစ်ထားသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့်ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ ၁၅၉၆၉ ဧက စိုက်ပျိုးပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ဆီဖူလုံမှုတိုးမြင့်ရေးအတွက် ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း ၊ နေ ကြာ) များကို ယခုနှစ်အတွင်း တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ်၌ မြေပဲသီးနှံ ၆၇၆၈ ဧက (၁၀၁ ဒဿမ ၀၄%)၊   နှမ်းသီးနှံ ၈၉၄၈ (၁၀၀ ဒဿမ ၂၇% )၊ နေကြာသီးနှံ ၂၅၃ ဧက (၁၃၅ ဒဿမ၂၉%) စုစုပေါင်း ဆောင်းဆီထွက်သီးနှံစိုက်ဧက (၁၅၉၆၉) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ  သိရသည်။

ဘားအံတက္ကသိုလ်တွင်  ဆောင်းရာသီအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို  ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ဇန်နဝါရီ(၁၂)ရက်က  ကျင်းပသည်။

ကရင်ပြည်နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်စုစုပေါင်း ၂၄၂၂ ပါး သာမဏေကျော်စာမေးပွဲ ဝင်ရောက်ဖြေဆို

သာသနမာမကသာသနာလင်္ကာရအသင်းမှကြီးမှူးပြုလုပ်သော (ဒဿမ)အကြိမ်မြောက်ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမကသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ဘားအံမြို့ ကျက်သရေဆောင် ကြာအင်းတောင်ခြေရှိ တည်ဆောက်ဆဲသာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတွင် ဆင်ယင်ကျင်းပလျက်ရှိသည်။

သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာများ ဈေးနှုန်းအနည်းငယ်မြင့်တက်

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သည့် ကွမ်းသီး၊ တညင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းကြောင်းအဖြင့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်းရရှိရန် မျှော်လင့်သော်လည်း ဒီဇင်ဘာလအထိ ပုံမှန်ဈေးသာရရှိပြီး ယခုဇန်နဝါရီလ ဒုတိယပတ်မှစပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍  ယနေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင်  နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး   စာအုပ်စာစောင်များ အခမဲ့ငှား ရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်