ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀) ကျောင်းသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်
ကရင်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမှိုက်များခွဲခြားစွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းသို့ အမှိုက်ပုံးများ လွှဲပြောင်းပေးအပ်ခဲ့သည်။