ဘားအံ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှမိုးစပါး စိုက်ပျိုးရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် နတ်ကျွန်းကျေးရွာအုပ်စု၊ရွှေတောကျေးရွာရှိ သက်စမ်းရေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများပံ့ပိုး၍ စိုက်ပျိုးထားသော အသင်းသားတောင်သူ(၁၉)ဦး၏ အောင်နိုင်တိုး မိုးစပါးစိုက်ဧက(၃၀)နှင့် မှော်ဘီ-၃ မိုးစပါး စိုက်ဧက (၂၀)တို့အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ စပါးရိတ်သိမ်းနေမှု အခြေအနေများကို ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ အသင်းသားတောင်သူများအား အရည်အသွေးပြည့်မီသည့် ဆန်စပါးများ သတ်မှတ်ချက်နှင့်အညီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနိုင်ရေး၊ အချိန်အတွယ်နှင့် အလေးချိန်ပြည့်မီမှန်ကန်စွာ ထုတ်ပိုးရောင်းချစေရေး၊ ကြိတ်ခွဲရာမှထွက်ရှိလာသောဖွဲနုများကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ ထွက်ရှိလာသောဆန်များကို သမဝါယမအသင်းသားများ၊ ဒေသတွင်း ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးတို့ကို မှာကြားသည်။
ခရိုင်(ပြန်/ဆက်)