ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့သွားရောက် ရန်လိုအပ်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများပေးလျက်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)