ကရင်ပြည်နယ်

မြဝတီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့  နံနက် (၁၀)နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်သည်။

မြဝတီမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးပြိုင်ပွဲများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ကင်ပွန်းသီးများ ဝယ်လိုအားကောင်းခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ် မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများသည် ယခုအချိန်တွင် ဝယ်လိုအားကောင်းသောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဆောင်းရာသီကာလ ရွှေဖရုံစိုက်ပျိုးရောင်းချခြင်းဖြင့် အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဆောင်းရာသီကာလ အပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများနှင့် နေအိမ်ခြံဝင်းများအတွင်းတွင် ရွှေဖရုံပင်များ စိုက်ပျိုးထားကြရာ ယခုကာလတွင် ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထိခိုက်ခဲ့သည့်ပြည်သူများအား ထောက်ပံ့

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးရှိ ဒေါ်ညွန့်ရီ စတိုးဆိုင်ရှေ့နှင့် ရတနာထွန်းရွှေဆိုင်ရှေ့တို့  တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က   ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူငါးဦးအား  ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက်က အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ဆောင်ရွက်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်လွှတ်တော်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပအပြီးတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်လွှတ်တော်အဆောက် အဦတွင် တတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရန် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြဆောင်ရွက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည် သူများ လွယ်လင့်တကူမဲပေးနိုင်‌စေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများအား စားဝတ်နေရေးလွယ်ကူ အဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးတွင် ၁ ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀ စုတို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်