ကော့ကရိတ် ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများ စားဝတ်နေရေး လွယ်ကူအဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သူပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းဖြင့် ရောင်းချပေးသည်။
လာရောက်ဝယ်ယူသည့် ပြည်သူများအား ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ ဇန်နဝါရီ ၂၅ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်’’ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)