မြဝတီ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးဉာဏ်ဝင်းအောင်၊မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းရွှေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီတို့က မီးခိုးမြူငွေ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ မီးခိုးမြူငွေ့ဖြစ်ရသည့် အကြောင်းရင်းများနှင့် ပါဝင်သော အရာများကိုလည်းကောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုးကျိုးများနှင့် မီးခိုးမြူငွေ့များကြောင့် ဖြစ်ပွားစေနိုင်သည့် ရောဂါလက္ခဏာများ၊ ကျန်းမာရေးပြဿနာများနှင့် ဆောင်ရန် ၊ရှောင်ရန်နည်းလမ်းများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေး ထိန်းသိမ်းရမည့် နည်းလမ်းများ၊ လယ်ယာကဏ္ဍ၌ မီးလောင်ကျွမ်းမှုဖြစ်ပေါ်မှု လျှော့ချနိုင်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှူ ထိန်းချုပ်ရေး နည်းလမ်းများနှင့် မီးရှို့မှုမပြုဘဲ မြေရှင်းလင်းခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော သစ်ပင်ထိန်းသိမ်းစောင့်ရှောက်ရမည့် နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော မီးလောင်ကျွမ်းမှုဖြစ်စဥ်များနှင့် တောမီးနှင့် အခြားလောင်ကျွမ်းမှုများကြောင့် ထိခိုက်မှုဖြစ်စဥ်များ၊ ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို အသီးသီး ဟောပြောခဲ့ကြပြီး နယ်စပ်ဖြတ်ကျော်မီးမိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး (Vedio clip) ကို ပြသခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ် သတိပြုကာကွယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ရပ်ကွက်နေ ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)