Jan 26, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဌာနနှင့် ပုဂ္ဂလိကတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မီဒီယာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 26, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ် (၁၈-A) ၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 24, 2026
ဆရာ ဆရာမများ၏ သင်ကြားမှုနှင့် သုတေသနအရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ‘သင်ကြားရေးတွင် AI ကို အသုံးချနည်းများ’ (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 24, 2026
(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်အဖြစ် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်၍ ပြိုင်ပွဲဝင်အားကစားသမားများကို အားပေးဂုဏ်ပြုသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 24, 2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 24, 2026
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းစတင်ခြင်းနှင့် ပုစွန်မွေးမြူသည့်အဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းဌာနများပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 23, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မလျှောက်ထား သေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 23, 2026
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့်အတူ ယနေ့တွင် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 23, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန် သတ္တဝါ (ဒေသနွား၊ သိုး၊ ဆိတ်) များအတွက် အာဟာရပြည့်ဝသည့်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးကို မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 23, 2026
ငလျင်ဒဏ်သင့် အနီရောင်အဆင့် ဝန်ထမ်းအိမ်ရာများနှင့် အဆောက်အအုံများ ပြုပြင်ရန်အားဖြည့် Retrofit Design နှင့် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ဆိုင်ရာ Knowledge Sharing ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 23, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာတာရိခ်ကာရီးမ်အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 21, 2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secret-ary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 21, 2026
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း” ၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 21, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 21, 2026
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 19, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 19, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (6th ASEAN Digital Ministers’ Meeting – 6th ADGMIN and Related Meetings with Dialogue Partners)သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 19, 2026
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ အရေးပေါ်လူနာဌာနတွင် လူနာများလက်ခံကြည့်ရှုပေးနေမှု၊ အရေးပေါ်ဌာနအဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု၊ သွေးလှူဘဏ်နှင့် ဓာတ်ခွဲဌာနတို့တွင် အရေးပေါ်သွေးနှင့် သွေးပစ္စည်းများ ထုတ်ပေးနိုင်ရေးပြင်ဆင်ထားရှိမှု၊ အရေးပေါ်ဓာတ်ခွဲစစ်ဆေးမှုများ ၂၄ နာရီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာရောက်ကုသမှုခံယူသော လူနာနှင့်မိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 18, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jan 18, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
