ရေကောင်းမြေမှန် စာပေဗိမာန်
၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများရေးသားခဲ့သော ကျွန်တော်သည်စာပေဗိမာန်ဟူသော အမည်ကို အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက်သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံစာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများရေးသားခဲ့သော ကျွန်တော်သည်စာပေဗိမာန်ဟူသော အမည်ကို အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက်သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံစာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။