ပဲခူးဒေသခံများအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်င်္ကေတများ (Stop Covid Sign) အသုံးပြု၍ ဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့(၆)ထပ်စုပေါင်းရုံးတွင် မြေငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပ
ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ (၆)ထပ်စုပေါင်းရုံးတွင် ယနေ့ နံနက် ၈နာရီက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့၊ ကျုံးကူးတံတားတည်ဆောက်ခြင်းနှင့် အရှေ့ မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ကျုံးကူးတံတား တည်ဆောက် ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ သိန္နီတံခါးပေါက်တူးဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေပိုင်းက သယံဇာတ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီ မြို့ဟောင်း၊ သိန္နီတံခါးပေါက်တူးဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြသည်။
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မွန်ပြည် နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးပြည်နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့်အပြင် ကုန်စည် ပို့ဆောင် ရေး အဓိကလမ်းကြောင်းပေါ်တွင်ရှိနေသဖြင့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ်ဖြတ်သန်းသွား လာနေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အားလျော်စွာ ယမန်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်တွင် ကုန်တင်ယာဉ် ကြီးများ အစီး(၅၀၀)ခန့် ပိတ်ဆို့နေကြောင်း သိရှိရ ပါသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ် စစ်တောင်းတံတား အနီးရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက် သပြေကန်အခြေစိုက်စခန်း ရှင်းလင်းဆောင် တွင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရေး ကျန်းမာရေးစိစစ်မှုများ အလျင်အမြန် ဆောင်ရွက်မည်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၍ ဒေသခံများနှင့်ညှိနှိုင်းဆွေးနွေး
ရေတာရှည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီ အချိန်က ခင်တန်းကြီးကျေးရွာအုပ်စုရှိ သီရိမင်္ဂလာ ပေါက်ဘုရား စေတီတော် ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်၍ ဝါဆိုသင်္ကန်း နှင့် အလူငွေများဆက်ကပ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများအား ဆွေးနွေး လမ်းညွှန်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေတာရှည်မြို့နယ်အတွင်း သီးနှံလျော်ကြေးငွေများနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုကာ ထောက်ပံ့ငွေများပေးအပ်
ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၉)နာရီ က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှူကြသည်။
မိုးညိုမြို့နယ်တွင် မြောက်လုပ်ကုန်း-ကရင်ချောင် မြစ်မခမြစ်ကူးတံတား ရန်ပုံငွေပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိ မြောက်လုပ်ကုန်း-ကရင်ချောင် မြစ်မခမြစ်ကူးတံတား ရန်ပုံငွေ ပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညို မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ ရက်၊ ညနေ(၄:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။