Skip to main content

ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ်လက်ဆင့်ကမ်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိလာကြသည့် ပြိုင်ပွဲဝင် အနုပညာရှင် တိုင်းရင်းသားတိုင်းရင်းသူညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲကာလတစ်လျှောက် တစ်ဦး၏အနုပညာကို တစ်ဦးကလေ့လာခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့ခြင်းတို့ကလည်း ပြိုင်ပွဲမှရရှိသည့် အကျိုးတစ်ရပ်ပင်ဖြစ် သည်။

အကြမ်းဖက်မှုကို လိမ်ညာဖုံးကွယ် အကျင့်သိက္ခာကင်းမဲ့သည့် မီဒီယာများ

ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ပစ်ခတ်မှုဖြစ်စဉ်မှာ အကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ အသိဉာဏ်ကင်းမဲ့မိုက်မဲမှု သက်သက်သာဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပြီးသားဖြစ်သည်။ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အပေါင်းအဖော်မီဒီယာများက မည်သို့ပင်လိမ်လည်ဖုံးကွယ်ကြစေကာမူ အခိုင်အမာကျန်ရစ်သည့်သက်သေများ၊ မှတ်တမ်းများ၊ အထောက်အထားများကို ငြင်းဆို၍မရ။

ယဉ်ကျေးမှုမြင့်မား နိုင်ငံဂုဏ်ယူဝင့်ကြွား

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးကို သတ်မှတ်ရာ၌ သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကာကွယ်ရေးစွမ်းပကား မြင့်မားမှုအတိုင်းအတာဖြင့် သတ်မှတ်ကြသည်။ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းပကားတို့တွင် ထိပ်တန်းနိုင်ငံအဖြစ်ရပ်တည်နေပါက ထိုနိုင်ငံကို အထင်ကြီးလေးစားကြသည်။ ထိုမျှသာမက အဆိုပါနိုင်ငံများ၏ သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုအခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိသည်။

မိုက်မဲမှုကမ်းကုန်သည့် အကြမ်းဖက်အဖွဲ့ အမြန်ဆုံးဖော်ထုတ်၍အရေးယူ

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ ရက်နေ့)တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးဘုရားပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ ဘုရားဖူးခရီးသည်များ မပြတ်ရှိနေပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တို့ဆုံပါက တောင်လုံးညွတ်မျှစည်ကားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားနေသည့် ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာ၊ လူစုလူဝေးတို့ကို ကန့်သတ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လာနိုင်သည့်ကာလတွင် နိုင်ငံတစ်ဝန်းရှိ ဘုရားပုထိုးများနှင့် အပန်းဖြေရာနေရာများတွင် ကုသိုလ်ယူ၊ အပန်းဖြေသူများနှင့် ပြန်လည်စည်ကားလာသည်။

ပြည်တွင်းကူးစက်မှုမြင့်တက်လာသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေး

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာရာ ပြည်တွင်းကူးစက်မှုများက အဓိကဖြစ်နေသည်။ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် ယခင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများထက် များစွာပိုမိုလျင်မြန်ကူးစက် နိုင်သည့်အခြေအနေတွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးမှုလွန်စွာလျော့နည်းသွားခြင်းက ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာစေသည့် အကြောင်းရင်းဖြစ်ဖွယ်ရှိသည်။

စိန်ရတုစာပေဗိမာန်

၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး Burma Translation Society- BTS”အဖြစ် စတင်ဖွဲ့စည်းဖြစ်တည်လာခဲ့သည့် “စာပေဗိမာန်” မှာ သက်တမ်း ၇၅ နှစ်ပြည့်သည့် စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြည်သူလူထု ဗဟုသုတကြွယ်ဝရေးအတွက် နိုင်ငံတကာစာပေမှ ဘာသာပြန်ဆိုပုံနှိပ်ထုတ်ဝေနိုင်ရေး ဘာသာပြန်စာပေဌာနကြီးတစ်ခုတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်နှင့်အညီဘာသာပြန်စာပေအသင်းကြီး ပေါ်ပေါက်လာခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် မေလတွင် စာပေဗိမာန်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

ပကတိဖြစ်စဉ်များကိုသိရှိမှ အမှန်သိနိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ရာ တွေ့ဆုံစဉ်က ဆွေးနွေးမှုအပြည့်အစုံကို လေ့လာခြင်းဖြင့် အမှန်ကိုသိရှိနိုင်မည်ဖြစ်သည်။

တံစိုးလက်ဆောင်နှင့် အဂတိရှောင်ရှား

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အထိုက်အလျောက်အောင်မြင်မှုရရှိလာကြောင်း ဖမ်းဆီးရမိမှုတန်ဖိုးငွေကိန်းဂဏန်းများ မြင့်တက်လာမှုအရ သိရှိရသည်။ တရားမဝင်ကုန်သွယ်မှုများသည် အခွန်မပေးဆောင်လိုခြင်း၊ တားမြစ်ကုန်၊ ကန့်သတ်ကုန်များကို တင်သွင်းတင်ပို့လိုခြင်းတို့ကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကျပ်သန်းထောင်ပေါင်းများစွာနှင့်ချီ၍ တရားမဝင်ကုန်ပစ္စည်းများသိမ်းဆည်းရမိမှုကို ဆန်းစစ်ခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှုများ၏ပမာဏ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

မျိုးရိုးဗီဇပြောင်းရောဂါပိုးကိုကာကွယ်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲ။ ဆက်လက်ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမရှိကြသည်ကို တွေ့ရသည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ တတိယလှိုင်းကဲ့သို့ လူအသေအပျောက်မရှိသလောက်ဖြစ်၍ စိုးရိမ်ပူပန်မှုနည်းရသည်ဟု ထင်မြင်ပါသည်။ ရောဂါကင်းစင်ကျန်းမာခြင်းသည် အကောင်းဆုံးဖြစ်၍ ရောဂါကူးစက်မှုမရှိအောင် သတိမူနေထိုင်ကြရမည်ဖြစ်သည်။

အကြမ်းဖက်အဖျက်အုပ်စုများကို အားပေးအားမြှောက်ပြုလုပ်မှုတို့၏နောက်ကွယ်

ခေတ်သစ်ကမ္ဘာ့သမိုင်းကို ဒုတိယကမ္ဘာစစ်ပြီးကာလ ကုလသမဂ္ဂအဖွဲ့ကြီးပေါ်ပေါက်လာချိန်မှ စတင်ကြည့်လျှင် ကိုလိုနီအင်ပါယာများတစ်ခုပြီးတစ်ခု ချုပ်ငြိမ်းသွားခြင်း၊ နယ်ချဲ့လက်အောက်ခံနိုင်ငံအများအပြားလွတ်လပ်ရေးရရှိလာခြင်း၊ နိုင်ငံသစ်များပေါ်ထွက်လာ ကာ ကမ္ဘာ့မြေပုံတွင် အပြောင်းအလဲများဖြစ်ပေါ်ခြင်း၊ ဝါဒနှစ်ရပ်အားပြိုင်ပွဲနှင့်အတူ စစ်အေးတိုက်ပွဲနှင့် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုများပေါ်ပေါက်ခြင်း၊ ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းနှင့်အတူ စစ်အေးကာလပြီးဆုံးသွားခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အာရှစီးပွားရေး အားကောင်းမောင်းသန်ထွက်ပေါ်လာခြင်းနှင့် အာရှအင်အားကြီးနိုင်ငံများ ကမ္ဘာ့အစီအစဉ်တွင် နေရာယူလာခြင်းစသော သမိုင်းမှတ်တိုင်များကို တစ်ခုပြီးတစ်ခု တွေ့ရမည်ဖြစ်သည်။
Subscribe to အယ်ဒီတာ့အာဘော်