လူ့လောက၌ လောဘတရားတို့လွှမ်းမိုးလျှင် အငတ်ဘေးတို့ဆိုက်ရောက်တတ်သည်။ ဒေါသတရားတို့လွှမ်းမိုးလျှင် စစ်မက်ဘေးတို့ဆိုက်ရောက်တတ်သည်။ မောဟတရားတို့လွှမ်းမိုးလျှင် အနာရောဂါဘေးတို့ဆိုက်ရောက်တတ်သည်ဟု ဗုဒ္ဓဘာသာဝင်တို့ယုံကြည်ကြ သည်။ မျက်မှောက်ကမ္ဘာကြီးသည် ဒေါသကမ္ဘာဟု ဆိုရလောက်အောင်ပင် ကြမ်းတမ်းခက်ထန် ပူလောင်မှုတို့က နေရာများစွာတို့မှာ ဖုံးလွှမ်းလျက်ရှိသည်။ လောဘ၊ ဒေါသ၊ မောဟ ဟူသော မူလတရားသုံးပါးတို့တွင်လောဘသည် ဖြည်းဖြည်းညင်းညင်း၊ ဖြားဖြားယောင်းယောင်း၊ သက်သက်သာသာ သတ္တဝါတို့၏အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ ဒေါသသည်ကား ဆောဆောလျင်လျင်၊ ဟူးဟူးရားရား၊ ကြမ်းကြမ်းတမ်းတမ်းပြု၍ သတ္တဝါတို့၏အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ မောဟသည်ကား ထိုတရားနှစ်ပါးတို့၏ ရှေးဦးစွာ ခရီးညွှန်သဖွယ်ဖြစ်၏ ဟူ၍မောင်းထောင်ဆရာတော်ကြီးက ဒေါသကထာတွင် ပြဆိုသည်။
ကိုယ်ပိုင်အမှတ်သရုပ် ဖော်ထုတ်မြှင့်တင်
ယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံနှင့် ထိုနိုင်ငံနေလူမျိုးတို့၏ ဝိသေသလက္ခဏာပင် ဖြစ်သည်ဟုဆိုသည်။ ၂၀ ရာစုခေတ်အတွင်းက ကမ္ဘာ့နိုင်ငံတို့၏ ဝိသေသလက္ခဏာ သို့မဟုတ် အမှတ်အသားသရုပ်တို့ကို ထိုနိုင်ငံကစွဲကိုင်သည့် ဝါဒရေးရာသဘောတရားတို့ဖြင့် ဖော်ပြကြပြီး (ဥပမာ - အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံ စသည်ဖြင့်) ၂၁ ရာစုသို့ ရောက်လာသည့်အခါတွင်မူ ထိုနိုင်ငံ၏ ယဉ်ကျေးမှုအပေါ်အခြေခံ၍ (ဥပမာ - အစ္စလာမ္မစ်နိုင်ငံ၊ ကက်သလစ်နိုင်ငံ၊ ဗုဒ္ဓဘာသာနိုင်ငံ စသည်ဖြင့်) ဖော်ပြလာကြသည်ဟု ပညာရှင်များက ဆိုမိန့်ကြသည်။
မှန်ကန်သည့်နိုင်ငံရေးစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်
“ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟု ဆိုနိုင်ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏တည်ငြိမ်မှု ပျက်ပြားသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေးအခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန်အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂)တွင် ပြောကြားခဲ့သည်။
တိုးမြှင့်သတ်မှတ်ကာလနှင့် ဆောင်ရွက်ရမည့်တာဝန်များ
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရနိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာ ထားသည့်ကာလကို ၁.၈.၂၀၂၂ ရက်မှစ၍ နောက်ထပ် ခြောက်လတိုးမြှင့်သတ်မှတ်လိုက်ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံလိုက်သည်။ ယာယီသမ္မတဦးမြင့်ဆွေကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ(တပ်မတော်)အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးရန်၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များ၊ အခြေခံသင့် အခြေခံထိုက်သည်များကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် မှာကြားလိုက်သည်။
သွေးထိုးလှုံ့ဆော်မှုများရှောင်ရှား ဥပဒေဘောင်အတွင်းလုပ်ကိုင်
မျက်မှောက်ခေတ် အိုင်တီနည်းပညာခေတ်ကာလတွင် အများပြည်သူတို့အနေဖြင့် ဆိုရှယ်မီဒီယာများကိုသာ များသောအားဖြင့် အသုံးပြုဆောင်ရွက်နေကြသည်။ မှန်ကန်သော အသိအမြင်ဗဟုသုတ သတင်းအချက်အလက်များနှင့် ဘဝအမောပြေ လူမှုဆက်ဆံရေးနယ်ပယ်တို့အတွက် အသုံးပြုကြရာ၌ ကောင်းကျိုးဆောင်ကြဉ်းပေးသော်လည်း လူမှုကွန်ရက်ကိုအသုံးပြု၍ မမှန်ကန်သောလုပ်ဆောင်မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားယုတ်လျော့ပျက်ယွင်းစေသော လုပ်ဆောင်မှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။
အလေးအနက်ထားဆောင်ရွက်ရမည့် တစ်မျိုးသားလုံးပညာရည်မြှင့်တင်ရေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သည်။ သယံဇာတ မည်မည်ရရမရှိသော်လည်း အဖိုးတန်လူသားအရင်းအမြစ် ပြုစုပျိုးထောင်ကာ နိုင်ငံကို ထိပ်တန်းသို့ရောက်အောင် မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံများများစွာရှိသည်။ အဖိုးတန်လူသားအရင်း အမြစ်ဟူသည် အရေအတွက်သက်သက်မျှသာမဟုတ်သော ပညာတတ်လူသားအရင်းအမြစ်၊ ကျွမ်းကျင်လူသား အရင်းအမြစ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင် ကဏ္ဍအလိုက် တတ်သိကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိသူများပင်ဖြစ်သည်။ သို့ရာတွင် အဖိုးတန်၊ တန်ဖိုးမြင့်လူသားအရင်းအမြစ်ဟူသည် အလိုလျောက်ဖြစ်ထွန်းလာခြင်းမဟုတ်ဘဲ နိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီအောင် စနစ်တကျပြုစုပျိုးထောင်မှု ပြုလုပ်ပြီးမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။
အခွင့်အလမ်းကိုအမိအရဆုပ်ကိုင် ကောင်းမွန်သည့်အနာဂတ်တည်ဆောက်
ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုကျဆင်းခြင်း၊ ရေရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့လာခြင်း စသည်တို့နှင့် ကြုံတွေ့လာရချိန်၌ လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲအမျိုးမျိုးနှင့် တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူဦးရေတိုးတက်နှုန်း အရ အနာဂတ်တွင် ကမ္ဘာပေါ်၌ စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်ကျော်လွှားကြရတော့မည်ဖြစ်သည်။
ရှေ့သို့လှမ်းရမည့် ခြေလှမ်းများ
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ အရှိန်မသေသေးသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး ထိခိုက်ခံစားကြရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးသည် လေးလံတုံ့ဆိုင်းကျဆင်းခဲ့ရာတွင် နိုင်ငံများစွာတို့လည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို စီးပွားရေးနှင့်ဆက်နွှယ်၍ နိုင်ငံရေး၊ လူမှုရေးတို့တွင်လည်း ရိုက်ခတ်မှုများရှိခဲ့သည်။ သည်ကြားထဲတွင် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပေါ်လာသောအခါ ယင်းနှင့်ဆက်နွှယ်၍ ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာပြဿနာ၊ လောင်စာစွမ်းအင်ပြဿနာတို့က လည်း ကမ္ဘာတစ်ခွင်လုံးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ အထိနာစေခဲ့ရာ ကပ်ရောဂါနှင့် စစ်ပွဲဆိုင်ရာပြဿနာတို့က သီရိလင်္ကာကဲ့သို့သော အားနည်းသည့်ဓာတ်ခံရှိနေသည့် နိုင်ငံမျိုးကို အဆိုးရွားဆုံးအခြေအနေဆီသို့ ကျရောက်သွားစေခဲ့သည်။
မွန်မြတ်သည့်ကာလဒါန ဝါဆိုသင်္ကန်းအလှူ
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အမွန်အမြတ်လတစ်လဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူခြင်း၊ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း စသည့်ဗုဒ္ဓဘာသာသမိုင်း၏ ထူးခြားသည့်မှတ်တိုင်ကြီးများမှာ ဝါဆိုလပြည့်နေ့များတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအသီးအပွင့်များခံစားနိုင်ရေး ရိုးသားပွင့်လင်းစွာဆွေးနွေး
ယခုလာမည့် ၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၅) နှစ် စိန်ရတုမှသည် ရာပြည့်ကာလသို့ ခရီးဆက်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း လွတ်လပ်ရေး အသီးအပွင့်များဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောမှုကို အားလုံးတန်းတူခံစားရခြင်း မရှိသေးပေ။