“မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက်သစ်များအတွက် မေတ္တာနှင့်ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓာတ်၊ ထားအပ်သည့် ခံယူချက်၊ မြင့်မြတ်သော တာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်၊ ပိုမိုကောင်းမွန် သောနှစ်သစ်ကို လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန်လည်း အလေးအနက် ဖိတ်ခေါ်လိုပါသည်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
အနာဂတ်ကမ္ဘာသည် ကလေးငယ်တို့ လက်ထဲမှာ
ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီ ချက်အရဆိုလျှင် အသက် ၁၈ နှစ်မပြည့်သေးသည့် အရွယ်ကိုကလေး သူငယ်များ ဖြစ်သည်ဟူ၍ သတ်မှတ်ထား၏။
လူထုလှုပ်ရှား စိန်ခေါ်မှုများကျော်လွှား
မြန်မာနိုင်ငံသမိုင်းကြောင်းတွင် လူထုတစ်ရပ်လုံး တညီတညွတ်တည်း လှုပ်ရှားခဲ့ကြသည့် အောင်မြင်မှု သမိုင်းမှတ်တိုင်များကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးအရေး၊ တိုင်းပြည်နှင့် လူမျိုးအရေးကို ရှေးရှုသည့် အမျိုးသားလှုပ်ရှားမှုများတွင် အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါသည်။ မျက်မှောက်ကာလ နိုင်ငံတော်ကို အသွင်ကူးပြောင်းတည်ဆောက်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျော်ဖြတ်နေကြပါသည်။
ဗီဇပြောင်းဗိုင်းရပ်စ်ကို သတိပြုတားဆီး
ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲကာလတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်း မျိုးသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိလာသည်။ ယမန်နှစ် ဒီဇင်ဘာလ ဒုတိယပတ်က ဗြိတိန်တွင် အလွန်ကူးစက်မြန်သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တွေ့ရှိပြီးနောက် တောင်အာဖရိကတွင်လည်း အလွန်ကူးစက်မြန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို ထပ်မံတွေ့ရှိ ခဲ့ပြန်သည်။
ခေါင်းတစ်ရာသားစား၍ ကျန်းမာထောက်ကူ
ရှေးရှေးငယ်စဉ်က “အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။ ခေါင်းတစ်ရာသားကို စားပါ၊ ခေါင်းသုံးလုံးရှိသူထံမှာ သင်ယူပါ”တို့ကို သင်ကြားဖူးသည်။ ပြည်သူ တို့၏ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးကို ရည်သန်အသိပေးထားသော အကြောင်းအရာဖြစ်သည်။ နေအိမ်တွင် သီးပင်စားပင်စိုက်ပါ။ အသားငါး များများစားသုံးပေးပါ။ အသိအမြင်ကြွယ်ဝသော လူကြီးသူမပညာရှိတို့ကို ဆည်းကပ်ပါဟူ၍ဖြစ်သည်။ ။
လွတ်လပ်ရေးနေ့ဦးတည်ချက်နှင့်အညီ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည် မှာ နှစ်ပေါင်းခုနစ်ဆယ် ကျော်ပြီဖြစ်သော်လည်း မျက်မှောက် ကာလ အခြေ အနေအားဖြင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေး၏ တာဝန် များကို အထူးသိရှိကြရန် လိုအပ်နေသောကာလ ဖြစ်သည်။
နိုင်ငံတိုးတက်မှု တူပြိုင်ကာရှေးရှု
လူတိုင်းလူတိုင်းသည် မိမိကိုယ်ကို ဆန်းစစ်နိုင်မှ၊ မိမိကိုယ်ကိုဝေဖန်နိုင်မှ မိမိအမှားကို ဝန်ခံနိုင်မှ၊ ပြည်သူအားလုံးအတွက် တိုးတက်စေလိုသော စေတနာရှိမှ၊ မိမိကိုယ်တိုင် အများအကျိုးအတွက် ကြိုးစားအားထုတ်ချင် သောဆန္ဒရှိမှတိုးတက်သောနိုင်ငံ၊ ကြွယ်ဝသည့်နိုင်ငံသားများ ဖြစ်လာပေလိမ့် မည်။ ယခုအခါ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်လာပြီ ဖြစ်သည်။ မိမိတို့ကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ရေး အားနည်းသဖြင့် တိုးတက်သင့်သလောက် မတိုးတက်ပါဟု ရှုမြင်ရမည် ဖြစ်သည်။
နှစ်သစ်မှာ ကျက်သရေတက်နေအလား
ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ -စတင်ကူးပြောင်းရောက်ရှိ သောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန်စတင်သန့်စင်မည့် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။
အနာဂတ်အတွက် လူငယ်များဘဝမြှင့်တင်
သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ် ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်းအမြစ်များသည် စနစ်တကျ ပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက် သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။
နေထိုင်မှုဓလေ့သစ် ပုံမှန်ဘဝရပ်တည်
မြန်မာနိုင်ငံတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ လူတစ်ထောင်ကျော် နေ့စဉ်ဖြစ်ပွားနေရာမှ လူသုံးရာကျော်အထိကျဆင်းလာသည်။ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်နှင့်အတူ ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာအချို့ကို အသင့်အနေအထားဖြင့် စတင်ရပ်နားခြင်း၊ နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်/ကျေးရွာအချို့ကို နေအိမ်တွင် နေထိုင်ရန်အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ် ပေးလာသည်မှာ ဝမ်းသာစရာဖြစ်သည်။
