၁၉၀၁ ခုနှစ်ဟူသော ၂၀ ရာစု ခရီးအစမှ ဖြစ်ပျက်ပြောင်းလဲလာသော ကမ္ဘာ ကြီးသည် ၂၀၀၀ ပြည့်နှစ်တွင် ၂၀ ရာစု ခရီးအဆုံးသို့ ရောက်ရှိခဲ့ပေသည်။ တစ်ဖန် ၂၀၀၁ ခုနှစ်မှစတင်၍ ၂၁ ရာစု ခရီးလမ်းသစ်ကို ဖြတ်သန်းလျက် ရှိရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်တော့မည်ဖြစ်သည်။ ၂၀ ရာစုနှစ် တစ်ဝက် ပတ်ဝန်းကျင်တွင် ကမ္ဘာကြီးသည် စက်မှုနှင့်အဏုမြူနည်းပညာ တစ်ခေတ် ဆန်းသစ်ခဲ့ပြီးနောက် ၂၁ ရာစုခရီး စတင်သည်နှင့် အိုင်တီနည်းပညာသည် တစ်ခေတ်အသစ်အဆန်း ဖြစ်လာပြန်သည်။ ။
ဗိုင်းရပ်စ်ပိုးအသွင်ပြောင်းမှုကို သတိမူ
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းလာသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိပြီဖြစ်သည်။ နေ့စဉ်ရောဂါပိုးတွေ့ရှိမှုမှာ လူနာ ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ နှင့်အောက်သို့ကျဆင်းနေသည်မှာ ဝမ်းသာစရာအခြေအနေဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လူနာ ၁၀၀၀ အောက်မှ ၅၀ဝ အောက်သို့ပင် ကျဆင်းလာသဖြင့် မြန်မာနိုင်ငံအတွက် အလားအလာကောင်းတစ်ခုဖြစ်လာပြီဟု ဆိုနိုင်သည်။
အလားအလာကောင်းများ မြင့်မားရေးကြိုးပမ်း
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း ကျဆင်း လာပါက ဝမ်းမြောက်ကြရပြီး ထိုနေ့အတွက် မင်္ဂလာရှိလှပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း တိုးလာလျှင် စိုးရိမ်ပူပန်မှုဖြစ်ကြရပြီး ထိုနေ့အတွက် စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များကို အသိတရားဖြင့်သတိထားပြီး ကိုယ်စီလိုက်နာ ခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာအောင် ဆောင်ကြဉ်း ပေးသင့်ပေသည်။
ခရီးသွားခြင်းနှင့် စိန်ခေါ်မှုကို ကျော်လွှား
ပြည်သူအားလုံး၏ တူညီသည့် အပြင်းပြဆုံးဆန္ဒမှာ ခရီးသွားခြင်းဖြစ်သည်။ နေရာတစ်ခုခုတွင် နေထိုင်မှုအချိန် ကြာလာသည်နှင့်အမျှ အပြောင်းအလဲ အနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝ ဖြစ်သည်။ ယင်းသည် လူတို့၏စိတ်သန္တာန်၌ ဖြစ်လေ့ရှိသည့် ပြင်းပြသောဆန္ဒဖြစ်သည်။ ခရီး သွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေပြီး မွန်းကျပ်နေသော စိတ်ခံစားချက် များကို ပြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းကို ဖြစ်စေသည်။ ။
ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား
လွန်ခဲ့သော နှစ်တစ်ရာပြည့် ဝန်းကျင်ကာလက နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာကောင်းသည့် အမျိုးသား လှုပ်ရှားမှု များသည် မြန်မာနိုင်ငံတွင် ကမ္ပည်းမော်ကွန်းတင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့သည်။ သမိုင်းမော်ကွန်း ရေးထိုးခဲ့သည့် ဂုဏ်ယူဖွယ်အမှတ်တရများ အတွက် နှစ် (၁၀၀) ပြည့်အခမ်းအနားများကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ ကြသည်။
ပုံမှန်တိုးတက်လိုပါက စည်းကမ်းလိုက်နာ
လတ်တလောဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနှုန်းလျော့ကျလာရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိကမှာ ပြည်သူ ပြည်သားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ လျော့ကျထိန်းချုပ်နိုင်ရေးမှာ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန် အချက် သုံးချက်သည် အဓိကဖြစ်သည်။ ထိုအချက်သုံးချက်ကို အမှန်တကယ်လိုက်နာလျှင် ဖြစ်ပွားနှုန်း လျော့ကျပြီး ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ရေးတွင်ပါဝင်
ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ချီလီနှင့်အီတလီတို့နှင့် မိတ်ဖက် ပူးပေါင်း၍ ပါရီသဘော တူညီချက် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည့် climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရာသီဥတုပြောင်းလဲမှု ကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာ ခဲ့သည်။
စီးပွားရေးဦးမော့ဖို့ စည်းကမ်းလိုက်နာဖို့
Coronavirus Disease 2015 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ကကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြရာ၌ “ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျွန်မတို့ရဲ့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်ဆိုရင် လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန် ထူအောင်လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ထူထောင်ရေး အတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မကသတိပေးချင် ပါတယ်”ဟု ပြောကြားခဲ့သည်။
နိုင်ငံ့တာဝန်ကျေပွန်ခြင်းတွင် လူတိုင်းပါဝင်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက် ဖြစ်ပွားနေသည်မှာ အချိန် ကာလ အားဖြင့် ကိုးလခန့်ကြာမြင့်နေပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှု အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုး ဆက်အနေဖြင့် နိုင်ငံ့စီးပွားသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာမှု ပိုမိုမြင့်မားလာသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတော် ကို ပြန်လည်ရုန်းကန်တည်ဆောက်နိုင်ရေးအတွက် ပြည်သူများ အသိ တရားဖြင့် သတိထားကာ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသည်။
နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်
မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။
