Skip to main content

မွန်မြတ်သောစေတနာ လူ့အရင်းအမြစ် ပျိုးထောင်

ယနေ့ကာလတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာပြီဖြစ်၍ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ပြီးနောက် အဆင့်မြင့် ပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပညာအမွေပေးဝေရေးအတွက် အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ သစ်လွင်ကြိုဆိုပွဲများ၊ မွမ်းမံသင်တန်းဖွင့်လှစ်ပွဲများကို မြင်တွေ့ရသည်မှာ နိုင်ငံအတွက် ဝမ်းမြောက်ဖွယ်၊ အားတက်ဖွယ်ဖြစ်သည်။

အေးချမ်းသာယာရေး ငြိမ်းချမ်းရေးဖော်ဆောင်

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အေးအတူပူအမျှ စုပေါင်းနေထိုင်ကြသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ယဉ်ကျေးမှုအနုပညာများသည် နှစ်ပေါင်းရှည်ကြာ တည်တံ့ခဲ့သည်။ ထိုသို့ တိုင်းရင်းသားပြည်သူများ စုစည်းညီညွတ်စွာ အတူတကွ နေထိုင်ခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သွားသော အချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ အချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းခဲ့သည်။

ပညာရေးအခွင့်အလမ်းများ စတင်ပွင့်လန်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက် ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။

ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုဖြည့်ဆည်း

“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အများအားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲမွန်မြတ်သောအနှစ်သာရနှင့် ဂုဏ်ထူး ဝိသေသများကို သိရှိနားလည်ရန် လိုအပ်ပါသည်။

နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုတည်ဆောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည် နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

အာဆီယံဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖြတ်ရေးဆိုင်ရာ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ကျင်းပရာ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကျိုးမရှိသည့်နိုင်ငံရေးတလွဲကောက်ချက် ပယ်ချ

ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့် တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲ ကောက်ချက်စွပ်စွဲမှုများ ဖြစ်သည်။

ပြည်ပပို့ကုန်စိုက်ပျိုးထုတ်ကုန် ကြိုးပမ်းထုတ်လုပ်

နိုင်ငံတစ်နိုင်ငံ စားနပ်ရိက္ခာဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် မွေးမြူရေး လုပ်ငန်းသည် ဒုတိယအရေးအကြီးဆုံး ဖြစ်သည်။ နေ့စဉ် ပြည်သူများအတွက် အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာများကို ရှာဖွေရင်းနှီးမြှုပ်နှံရသည်။ ယခုအခါ လူမှုစီးပွားရေးဘဝကို ချဲ့ထွင်လာသောကြောင့် စားကျက်မြေများ ရှားပါးလာသည်။ တိရစ္ဆာန်များအတွက် အစားအစာ အခက်အခဲရှိလာသည်။ ယင်းအချက်ကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသာမက အခြားနိုင်ငံများပါ အလေးထားလာရသည်။

စိုက်ပျိုးထုတ်ကုန်တိုးရေး ဝိုင်းဝန်းကြိုးပမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိကထုတ်ကုန်များသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ဖြစ်သည်။ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ယင်းလုပ်ငန်းများနှင့်ဆက်နွယ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အကယ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ် အဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတစ်ဝန်း လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည်။
Subscribe to ကြေးမုံ