ကိုလိုနီခေတ်၌လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ လည်းကောင်း၊ လွတ်လပ်ရေးရပြီး ကာလ၌ လည်းကောင်း၊ မျက်မှောက်ကာလ၌ လည်းကောင်း စည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဆင်ခြင်ထောက်ရှုကြည့်လျှင် မြန်မာတို့စိတ်ထားနှင့် လုပ်ကိုင်ဆောင်ရွက်မှုများမှာ အဓိက “ကျနေသည်ကို တွေ့ရသည်။ ။
ဥပဒေဖောက်ဖျက်အကြမ်းဖက် အမြစ်ပါမကျန်တိုက်ဖျက်
မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ မိမိတို့ ရည်မှန်းချက် အောင်မြင်ရေး၊ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်စေရန်အတွက် မြို့ရွာသို့ အလစ်အငိုက်ထိုးဖောက် ဝင်ရောက်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ လုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။
အလုပ်ကိုကြိုးစား ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်ခံစား
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ကာလသို့ ဝင်ရောက်လာပြီ လူတိုင်းလူတိုင်းသိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင်ရှိနေသည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် လိုအပ်ချက်များ ရှိနေသေးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်အတွက် လုပ်ချင်ကိုင်ချင်စိတ်နှင့် အလုပ်လုပ်နိုင်သော အခြေအနေ၊ အခွင့်အလမ်းများ ရှိရမည်ဖြစ်သည်။
ပညာပြည့်ဝနှလုံးလှအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
“နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ်လူသား အရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံပညာ သင်ကြားသည့် အသက်အရွယ်မှစ၍ နှစ်စဉ်တန်းစဉ် ကူးပြောင်းမှုရာခိုင်နှုန်းကို မြင့်မားလာအောင် လုပ်ဆောင်ပြီး အမှန်တကယ် ပညာတတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၄ ရက်တွင် ထားဝယ်တက္ကသိုလ်သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားခဲ့သည်။
အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းခဲ့သည်။
လွတ်လပ်ရေးထိန်းသိမ်း နိုင်ငံကာကွယ်စောင့်ရှောက်
မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လွတ်လပ်ရေးနှင့်အတူ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ကျူးကျော်သူနယ်ချဲ့ နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမျိုးသားခေါင်းဆောင်များ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ ။
ပညာရေးမထိခိုက်ရေး ရောဂါဘေးအန္တရာယ်ကာကွယ်
အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးနီးပါး ဖွင့်လှစ်လျက်ရှိရာ လာမည့်လတွင် ပထမအစမ်းစာမေးပွဲ ပြုလုပ်ပြီး ၂၀၂၂ခုနှစ် မတ်လကုန်တွင် အတန်းတင်စာမေးပွဲများ ကျင်းပမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ၏ ပညာရေး အတော်အတန် ခရီးရောက်လာပြီဖြစ်သည်။ စာသင်နှစ်အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် စိန်ခေါ်မှုများကို အထူးသတိထားပြီး ကျော်လွှားကြရမည်ဖြစ်သည်။
နိုင်ငံတော်အကျိုးရှေးရှုသည့် သတင်းမီဒီယာဦးတည်
“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အနဝဇ္ဇာနိ အပြစ်ကင်းသော အလုပ်ကိုလုပ်ဆောင်
မြတ်စွာဘုရားရှင်သည် လောကလူသားအားလုံး ကောင်းကျိုးချမ်းသာဖြစ်စေရေးအတွက် မဟာကရုဏာ ထားတော်မူသည်။ လောကတွင် မကောင်းမှုကို ရှောင်ကြဉ်လျှင် ကောင်းကျိုးချမ်းသာ ဖြစ်စေသည်။ မြတ်စွာဘုရားရှင်သည် မကောင်းမှုဟူသမျှကို ပယ်ဖျောက်နိုင်သော (၃၈) ဖြာ မင်္ဂလာတရားတော်ကို လောကလူသား သတ္တဝါ အားလုံးတို့ အကျိုးစီးပွားများပြားစေရန်အတွက် ဟောပြတော်မူခဲ့သည်။
မူးယစ်ဆေးဝါးအသုံးချမှု ထိရောက်စွာတိုက်ဖျက်
ကမ္ဘာပေါ်တွင် ရှေးဦးကာလက ဘိန်းကိုစတင်တွေ့ရှိပြီး အသုံးပြုရာမှစ၍ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည့် မူးယစ်ဆေးဝါးပြဿနာ ဖြစ်လာသည်။ မူလကဘိန်းနှင့် ပတ်သက်သည့်အသုံးပြုမှုနှင့် ပတ်သက်၍ လူမှုရေးပြဿနာအဖြစ် ရှုမြင်ခဲ့ရာမှ နေနောက်ပိုင်းတွင် လူမှုရေးနယ်ပယ်တွင်သာမက နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ အသုံးချလာကြသည်ကို တွေ့ရသည်။ မူးယစ်ဆေးဝါးကို လူမှုရေးပြဿနာအဖြစ် ထိန်းချုပ်တိုက်ဖျက်ခြင်းမပြုဘဲ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွင် အသုံးချ နေသရွေ့ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
