Skip to main content

နိုင်ငံရေးယဉ်ကျေးမှုနှင့် ဓလေ့

ရွေးကောက်ပွဲကျင်းပချိန်နီးလာသည်နှင့်အမျှ နိုင်ငံတွင်း၌ နိုင်ငံရေး ပါတီများ လှုပ်ရှားလာကြ သည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီစနစ် တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုသည်နှင့် နိုင်ငံရေး ပါတီများဆိုသည်က အရေးပါသည့် လိုအပ်ချက်များဖြစ်ပါသည်။ အချုပ် အခြာအာဏာကို ပြည်သူလူထုက ပိုင်သည်၊ ပြည်သူလူထု၏ လက်ဝယ် တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်သည်ဟူသည့် ဒီမိုကရေစီ စနစ်၏ အခြေခံမူအရ ထိုအချုပ်အခြာအာဏာ ကို ပြည်သူလူထုက မည်သူ့ ထံကို လွှဲအပ်တာဝန်ပေးမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနည်းဖြင့် စီမံပေးရ၏။

အားနည်းမှုများ ပြန်လည်ပြုပြင် ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာ

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသအဆင့် ဗဟိုကော်မတီက ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။ အိမ်နီးချင်းနိုင်ငံအချို့၌ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ မြင့်တက်နေသည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံကြီးအချို့တို့တွင် ရောဂါဒုတိယလှိုင်းဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကြောင့် ခက်ခက်ခဲခဲ ပြန်လည်ထိန်းချုပ်နေရသည့် အခြေအနေတွင် မိမိတို့ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာမှုအားနည်းနေခြင်းအပေါ် သတိပေးနှိုးဆော် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

သတိတမံ၊ ဉာဏ်မြေကတုတ်

လူအများစိတ်ဝင်စားကြသည့် အကြောင်းအရာများ (ဝါ) သတင်းများကို ရယူစုဆောင်းပြီး အခကြေးငွေဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးရာမှ သတင်းစာလုပ်ငန်းများ စတင်ခဲ့သည်။ မိမိတို့၏ သတင်းစာများ ရောင်းကောင်းရေးတွင် လူအများစိတ်ဝင်စားကြသည့် သတင်းများပါရှိရေးသည် အဓိကဖြစ်သည့်အလျောက် သတင်းစာထုတ်ဝေသူများ၊ သတင်းစာဆရာများကလည်း ပရိသတ် အကြိုက်လိုက်ကာ ပရိသတ်ဘဝင်ခိုက်မည့်သတင်းမျိုးကို ဦးစားပေးရေးသားသည့် အဝါရောင် သတင်းစာပညာ (Yellow Journalism) လည်း ပေါ်ပေါက်ခဲ့သည်။

ထာဝရငြိမ်းချမ်းရေး အမွေအနှစ် မျိုးဆက်သစ်များသို့ ပေးနိုင်ရန်

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။

ဘဝခရီးအတွက် ပညာရေးလမ်းတစ်သွယ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။

နိုင်ငံ့အပေါ်တွင် ရှိသည့် တာဝန်ကျေပွန်ရေး

နိုင်ငံသားဟူသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေပေါ် တွင် နိုင်ငံတစ်နိုင်ငံဟူ၍ ဖြစ်ပေါ်လာ ရန်မှာ (၁) နိုင်ငံသား၊ (၂) နိုင်ငံပိုင်နက်နယ်နိမိတ်၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာဟူသော အင်္ဂါလေးရပ်လုံးနှင့် ပြည့်စုံရမည် ဖြစ်သည်။ ဤတွင် နိုင်ငံနယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ အုပ်ချုပ်သူအစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာရေးနှင့် အချုပ်အခြာ အာဏာမဆုံးရှုံးစေရေးတို့ အတွက် ကာကွယ်စောင့်ရှောက်သူ၊ တည်ဆောက်ဖွဲ့စည်းသူ၊ ထိန်းသိမ်း သူတို့မှာ နိုင်ငံသူ နိုင်ငံသားများပင် ဖြစ်သည်။

ဓာတုပစ္စည်းပေါက်ကွဲမှုအန္တရာယ် မဖြစ်မီက ကြိုတင်ကာကွယ်

လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ်ဆိပ်ကမ်းရှိ ကုန်လှောင်ရုံ ပေါက်ကွဲမှုကြီး ဖြစ်ပွားမှုကြောင့် လူ ၁၀၀ကျော် သေဆုံးပြီး လူပေါင်း ၄၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လ ၄ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြီးကို နိုင်ငံတကာသတင်းများနှင့် လူမှုကွန်ရက်များ၌ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရာ လွန်စွာပြင်းထန် ပြီး လွန်စွ

ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေးအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု

ကိုဗစ် -၁၉ ရောဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မတ်လ ၃၀ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အတည်ပြုလူနာ ၁၄ ဦးအထိ ရှိလာ ခဲ့ပြီဖြစ်သည်။ အစောပိုင်းတွင်အတည်ပြုလူနာ များအဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံ များမှ ဝင်ရောက်လာသူများ ကူးစက်ခံလာရခြင်းကို တွေ့ရှိခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်းနိုင်ငံမှ ဝင်ရောက် လာသူတစ်ဦးနှင့် ပြည်ပခရီးသွားရောက်ခဲ့ခြင်း မရှိသူတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက် ခံထား ရကြောင်း တွေ့ရှိလာရခြင်းဖြစ်သည်။  မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံသည် ပြည်ပသို့ သ

အကျပ်အတည်း၊ အမှောင်နှင့် အလင်း

ယနေ့အချိန်သည် မရှောင်လွှဲနိုင်သော ကပ်ရောဂါကို နိုင်ငံသားတို့ ဝိုင်းဝန်းပူးပေါင်း ကာကွယ် တွန်းလှန်နေရသည့် ကာလဖြစ်သည်။ သဘာဝတရားက လူတို့ကို ခွဲခြားဆက်ဆံမှုမပြု။ ယခု ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာသည့်အခါ ဗိုင်းရပ်စ် ကူးစက်မှုက ဆင်းရဲချမ်းသာမရွေးခဲ့။ အားလုံးတန်းတူညီမျှ အန္တရာယ်ရှိသည်ချည်းဖြစ်၏။

နားလည်မှုရှိရှိ၊ တာဝန်သိသိပူးပေါင်းပါဝင်

ကမ္ဘာပေါ်ရှိ လူပေါင်းသန်းသုံးထောင်ကျော်တို့ ကိုဗစ် - ၁၉ ကပ်ရောဂါကို ရှောင်ကြဉ်ရေးအတွက် အသွားအလာကန့်သတ်ကာ အိမ်တွင်းမှာသာ နေထိုင်နေကြပြီဖြစ်သည်။ မိမိတို့ နိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး စသည့် လူနေထူထပ်စည်ကားလှသော မြို့ကြီး များနှင့်တကွ မြို့ပေါင်းများစွာတို့မှာ လူသွားလူလာရှင်းလင်း ငြိမ်သက်လျက်ရှိနေကြသည်။ မိမိတို့နိုင်ငံတွင် coVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း အတည်ပြုလူနာ နှစ်ဦးကို မတ်လ ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူစုလူဝေးများနှင့် စည်ကားနေသည့် မြင်ကွင်းများ တစ်နေ့ပြီးတစ်နေ့ ရှင်းလင်းသွားခဲ့ခြင်းဖြစ်သည်။

Subscribe to မြန်မာ့အလင်း