မြန်မာ့နိုင်ငံရေးတူရူ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲလာသည့်အခါ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်တို့နှင့် တွဲလျက်ပါသည်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ဟူ၍ ဖြစ်၏။
မေတ္တာ၊ ကရုဏာရှေ့ထား၍ ရင်ဆိုင်ကျော်လွှားရမည့်ကပ်ရောဂါ
စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ မကောင်းသည့် နယ်ပယ် ၌ ကျက်စားတတ်သည်။ ဤသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ မကောင်းသည့် အတွေးအကြံ ၊ မကောင်းသည့် အပြောအဆို၊ မကောင်း သည့် အပြုအမူတို့ကို စိတ်က ဦးဆောင်သည်။ စိတ်က ကြီးမှူးသည်။ စိတ်က ဖန်တီးသည်။ မကောင်းသော စိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏ နောက်သို့ မကောင်းကျိုးက နွားခြေရာ နောက်တွင် နွားလှည်းဘီးက လိုက်သကဲ့သို့ တစ်ထပ်တည်း လိုက်သည်။ ကောင်းသည့် အတွေးအကြံ၊ ကောင်းသည့် အပြောအဆို၊ ကောင်းသည့် အပြုအမူတို့ကို ဦးဆောင်သည်မှာလည်း စိတ်ပင် ဖြစ်သည်။ ကောင်းမှု တို့ကို ကြီးမှူးသည်မှာလည်း စိတ်၊ ကောင်းမှုတို့ကို ဖန်တီးသည်မှာ လည်း စိတ်ပင်ဖြစ်သည်။ ကောင်းသ
အသိ၊ သတိနှင့် အမူအကျင့်ဖြင့်
ကမ္ဘာနှင့်အဝန်း နိုင်ငံအများစု ရောဂါဖြစ်ပွားနေချိန်၊ ဗိုင်းရပ်စ်ပိုး လုံးဝမတွေ့ရှိသေးသည့် အနည်းစုမျှသောနိုင်ငံထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ် က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး စတင်တွေ့ရှိနေသည် ဆိုသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသွားပါသည်။
တစ်ဦးက ချင်းပြည်နယ်သို့ ရောက်လာသည့် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူဖြစ်ပြီး၊ အခြားတစ်ဦးက ယူကေမှ ပြန်လာသည့် ရန်ကုန်ရောက်နေသူ ဖြစ်ပါသည်။ နှစ်ဦးစလုံး စိတ်ချလုံခြုံသည့် ဆေးရုံများမှာရှိနေကာ စနစ်တကျ ဆေးကုသမှု ခံယူနေပြီး ယခုအချိန်ထိ စိုးရိမ်ဖွယ်မရှိဟု သိရပါသည်။
အသွားအလာကန့်သတ်ချက်များ ဂရုတစိုက်တိကျစွာလိုက်နာ
ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရသေးသော နိုင်ငံဟူ၍ လက်ချိုးရေတွက်၍ ရနိုင်သည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း COVID-19 ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိ လာရပြီဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများစွာတို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံတွင်းရောဂါ ဝင်ရောက်ဖြစ်ပွားနိုင်ခြေ လွန်စွာမြင့်မားမှုအပေါ် ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်စိတ်တို့ကြီးထွားလာလျက် ရှိနေသည်။
လက်ဆေးပါ
တရုတ်နိုင်ငံ ဂူဟန်ဒေသမှ စတင်ဖြစ်ပွားလိုက်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လပိုင်းအတွင်းမှာပင် နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ၂-၃ -၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံ အနက် အနှီရောဂါ ကူးစက်ပြန့်ပွားကာ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိနေပြီဖြစ်သည်။
ထိန်းသိမ်းကြရမည့် ရေသယံဇာတ
နွေရာသီသို့ရောက်ရှိပြီး အပူချိန် မြင့်မားလာသည်နှင့်အမျှ မြစ် ချောင်းများတွင် ရေနည်းကာ ရေတွင်းရေကန်တို့ ရေခန်းလာ သည်။ နိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်း၌သာမက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် အခြားဒေသများတွင်ပါ သောက်ရေ သုံးရေအတွက် အခက်ပွေ့ကြရသည်မှာ နှစ်စဉ် ရာသီစက်ဝန်း တစ်ပတ်လည်၍ နွေသို့ရောက်တိုင်း ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
မတူကွဲပြား မခွဲခြားဘဲ လက်တွဲဆောင်ရွက်
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် နိုင်ငံအများသို့ ကူးစက်ပျံ့နှံ့နေသည်။ ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများ အားလုံးတို့သည် နိုးနိုးကြားကြားဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်အောင်တညီတညွတ်တည်း ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကို ကြံ့ကြံ့ခံဟန့်တားရင်ဆိုင်နိုင်အောင်၊ တညီတညွတ်တည်း ကြိုတင်ကာကွယ် တားဆီး ရင်ဆိုင် ဖြေရှင်းနိုင်အောင် ပြင်ဆင်လျက်ရှိသည်။
အပူချိန်မြင့်မားခြင်းနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကာကွယ်ရေး
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ဒေသအတော်များများတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက်ပို၍ ပူခဲ့သလို နေ့အပူချိန်များလည်း မြင့်မားလာ ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ချောက်၊ မကွေး၊ အောင်လံ၊ ဘော်လခဲ စသည့် မြို့များမှာ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်၊ ၄၃ ဒီဂရီစင်တီဂရိတ်၊ ၄၂ ဒီဂရီစင်တီဂရိတ် စသည်ဖြင့် ထူးထူးခြားခြားမြင့်မားသည့် အပူချိန်များ ဖြစ်နေကြသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ် - ၁၉ ကာကွယ်ရေး အတွက် လုံးပန်းနေကြရသည့် အချိန်အခါတွင် နိုင်ငံအနှံ့အပြား၌ မြင့်မား လာသည့် နေ့အပူချိန်များမှာလည်း လတ်တလော ဂရုပြုကြရမည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ပြည်သူသာလျှင် အဓိက
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံ များစွာတို့မှာ အရေးပေါ် အစီအမံများချမှတ်ကာ ယောက်ယက်ခတ်လှုပ်ရှားနေကြရသည်။ နယ်စပ် ကူးသန်းသွားလာမှုများ ပိတ်ပင်ခြင်း၊ မိမိတို့၏ နိုင်ငံသားများ ပြည်ပသို့ထွက်ခွာခြင်းနှင့် နိုင်ငံခြား သားများ နိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းတို့ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ပြည်တွင်းသွားလာမှုများ၊ အိမ်တွင်းမှ အိမ်ပြင်ထွက်ခြင်းများကို တားဆီးကန့်သတ်ခြင်း၊ ဈေးများ၊ ကျောင်းများ၊ စားသောက် ဆိုင်များ၊ ကပွဲရုံများ ပိတ်ခြင်း စသည်ဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်မည့် အလားအလာများကို လျှော့ချရန် ကြိုးပမ်းမှုများကို နိုင်င
