ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေး ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။