ဓမ္မနှင့် အဓမ္မ ခွဲခြားသိမြင်နိုင်ပါမှ
ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များ၊ အထူးသဖြင့် အမေရိကန်နိုင်ငံရေးလောကမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားအများစုသည် ရွေးကောက်ပွဲအကြိုကာလများနှင့် အခမ်းအနားမိန့်ခွန်းများတွင် ရှေးရှေးက သမ္မတများ၊ ကမ္ဘာ့ခေါင်းဆောင်များ၏ ကမ္ဘာကျော်မိန့်ခွန်းကောက်နုတ်ချက်များကို ကိုးကား၍တစ်နည်း၊ လိုရင်းတိုရှင်းထိမိသော၊ အားပါသောကြွေးကြော်သံများ၊ ဆောင်ပုဒ်များဖြင့်တစ်ဖုံမဲဆန္ဒရှင်များ၊ ပြည်သူများ ရင်ထဲအသည်းထဲ စွဲထင်ကျန်ရစ်အောင် ပြောဆိုလေ့ရှိကြသည်-
