ရန်ကုန်တက္ကသိုလ်တွင် ပညာရည်နို့သောက်စို့ခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာကျောင်းသား ကျောင်းသူဟောင်းများ၏ အမှတ်တရများ
ရန်ကုန်တက္ကသိုလ်ရာပြည့် သဘင်ပွဲဆင်နွှဲရန် ပြင်ဆင်နေကြလေပြီ။ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်တက္ကသိုလ်သည် အမိနိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်များ၊ ပညာရှင် များ မွေးထုတ်ပေးသည်သာမက စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်ဟု ဆိုရပေမည်။ ထို အမိရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာရည် နို့သောက်စို့ ခဲ့ကြသည့် စာပေ၊ ဂီတ၊ အနုပညာ ကျောင်းသား ကျောင်းသူဟောင်းကြီးများက ရာပြည့်သဘင်ပွဲတွင် တစ်ထောင့်တစ်နေရာမှ မိမိတို့ ကျွမ်းကျင်ရာ အနုပညာ၊ အတတ်ပညာ များစွာဖြင့် ပါဝင်အားဖြည့်ပေးလျက်ရှိသည်။