သုတပဒေသာစာစောင်

သုတပဒေသာစာစောင်

12

သုတပဒေသာစာစောင်ကို မြန်မာစာဖတ်ပရိသတ်များအား ကမ္ဘာ့ဗဟုသုတအဖုံဖုံကို မြန်မာဘာသာဖြင့် လေ့လာဖတ်ရှုနိုင်ရန် ရည်သန်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကောင်းနိုးရာရာ စာစောင်၊ မဂ္ဂဇင်း၊ ဆောင်းပါးများကို ဘာသာပြန်ဆို တင်ပြခြင်းဖြစ်သည်။ ၁၉၇၃ ခုနှစ် ဇူလိုင်မှ စတင်၍ အတွဲ (၁)၊ အမှတ် (၁) အ​ဖြစ် စတင် ထုတ်ဝေခဲ့သည်။ စတင်ထုတ်ဝေစဉ်က စောင်ရေ (၅၀၀၀) တန်ဖိုး (၃) ကျပ်ဖြင့် လေးလတစ်ကြိိမ်ထုတ်ဝေခဲ့သည်။  ၁၉၇၅ ခုမှစ၍ သုံးလတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့ပြီး စောင်ရေ (၁၀၀၀၀) မှ (၄၂၀၀၀) ထိ အဆင့်ဆင့် တိုးတက်လာခဲ့သည်။ တန်ဖိုးမှာလည်း လေးကျပ်၊ ခြောက်ကျပ်၊ တစ်ဆယ်၊ တစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ငါးကျပ်သို့ အဆင့်ဆင့် တိုးမြင့်လာခဲ့သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလမှစ၍ နှစ်လ တစ်ကြိမ် ပြောင်းလဲထုတ်ဝေပြီး ၂၀၀၀ ပြည့်နှစ် ဇွန်လမှ စတင်ပြီး တစ်လတစ်ကြိမ်ထုတ်ဝေခဲ့သည်။ ၂၀၁၄ ခုနှစ် မေလမှစ၍ သုတပဒေသာစာစောင်၏ မျက်နှာဖုံးကို ပညာဆီမီးဒီဇိုင်းဖြင့် ဖော်ပြသုံးစွဲခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လမှစတင်၍ မျက်နှာဖုံးဆောင်းပါးအလိုက် ဒီဇိုင်းပြောင်းလဲထုတ်ဝေခဲ့ပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ အကြောင်းအရာများကို ရွေးချယ်ဘာသာပြန်ဆိုထားသော စာစောင်ဖြစ်ပါသည်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို အဓိကဦးတည်ပြီး ခေတ်မီ အကြောင်းအရာများဖြစ်သော သိပ္ပံနည်းပညာဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ၊ ကျန်းမာရေးနှင့် မူးယစ်ဆိုင်ရာ စသည့် ဆောင်းပါးများ၊ ကဗျာများနှင့် ၀တ္ထုတိုများကို ထည့်သွင်းဖော်ပြလျက် ရှိပါသည်။ ယခုအခါ သုတပဒေသာစာစောင်ကို စောင်ရေ ၇၅၀၊ တစ်အုပ်လျှင် တန်ဖိုး ၂၅၀၀ နှုန်းဖြင့် ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

အကြံပြုစာ/တိုင်ကြားစာ