စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်၊ နယ်နိမိတ်တစ်နေရာ၊ သံလွင်မြစ်ကမ်းနံဘေး တောင်ကြောလေးပေါ်ရှိ စခန်းတစ်ခုတွင် တပ်စွဲထားသော တပ်ခွဲတစ်ခွဲမှ တပ်မတော်သားများ၏ ဘဝဖြစ်တည် လှုပ်ရှားမှုတို့ဖြင့် ဝတ္ထုကို သီကုံးရေးဖွဲ့ထားသည်။ စစ်ဝတ္ထုဖြစ်သည်နှင့်အညီ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်လေး၊ အကြပ် စစ်သည်တို့၏ ခံယူချက်များ၊ တာဝန်ဝတ္တရားများ၊ လုပ်ဆောင်ချက်များ ကို ပိုင်ပိုင်နိုင်နိုင် စေ့စေ့စပ်စပ် သရုပ်ဖော်ထားရာ ကွန်မန်ဒို ဗိုလ်မှူးကွန်းဇော်၏ ဇာတ်ရုပ်က