ပြည်သူ့လက်စွဲစာစဉ်

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊  အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲ မည်သို့ပင် ရှိပါစေ ဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်း သောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏စိတ်နှင့် တစ်ထပ်တည်းကျအောင် ရေးဖွဲ့ထား နိုင်သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။ 

ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာရိတ္တမဏ္ဍိုင်တို့ ကွာခြားမှုကို တင်ပြထားပုံနှင့် မိခင်အပေါ် နူးညံ့သော မေတ္တာတရားနှင့် ခွင့်လွှတ်တတ်သောစိတ်စေတနာရှိသူ မိဘမဲ့ဂေဟာတစ်ခုမှ မိန်းကလေးတစ်ဦး၏ အကြောင်း စသည်ဖြင့် လောကဇာတ်ခုံပေါ်မှ လူ့စရိုက်အဖုံဖုံကို ရေးဖွဲ့ခြယ်မှုန်းထားသော ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ လောက၏ ပကတိဖြစ်စဉ်များကို တင်ပြပုံရိုးစင်းစွာဖြင့် မြင်သာအောင် မီးမောင်း ထိုးပြထားသောကြောင့် ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ဝါးကုန်သည်၊ သမဝါယမ စာရေး၊ မိုးလေဝသအခြေခံဝန်ထမ်း၊ အိတ်ပိတ်တင်ဒါဆွဲသူ၊ ရုပ်ပြဇာတ်လမ်းရေးဆရာ၊ ရုပ်ရှင်ကန်ထရိုက်တာ စသည့် ဘဝမျိုးစုံ၏ အတွေ့အကြုံအဖုံဖုံကိုလည်း ရင်သပ် ရှုမောဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုနောက်ခံ ကာလံ ဒေသံသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးစု၊ ခြောက်စုက အကြောင်းရပ်များဖြစ်သဖြင့် ထိုခေတ် ထိုအခါက ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထွေထွေအရပ်ရပ်ကိုလည်း ဖတ်ခွင့်သိခွင့် ရမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 
Subscribe to ပြည်သူ့လက်စွဲစာစဉ်

အကြံပြုစာ/တိုင်ကြားစာ