၆-၉-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၆)၌ ဖခင်ရှင်းပြလိုက်သောကြောင့် “တစ်သက်လုံး စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်” ဆိုသည့်စကားကို ကောင်းစွာ နားလည်သဘော ပေါက်သွား သည့် ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “သစ်ပင်စိုက်ကြစို့” မျက်နှာဖုံးကာတွန်း၊ လူဆိုးများ ဖမ်းထားခြင်းခံရသော ကုန်သည်များတွင် ဉာဏ်ကောင်းသည့် မောင်စိတ္တ ကြောင့် သူတို့အားလုံး လွတ်မြောက်သွားပြီး လူဆိုးများ ပြန်လည်ဖမ်းဆီးခံထားရသည်ကို သရုပ်ဖော်ထားသည့် “အမေ ပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ မူးယစ်ဆေးဝါးအကြောင်း စာစီစာကုံးနှင့် ပတ်သက် ၍ ကိုဗေထုံနှင့် မောင်ရွှေသွေးတို့ ပြောဆိုကြပုံအကြောင်းကို သရုပ်ဖော်ထားသည့် “မောင်ရွှေသွေး +ဗေထုံ” တစ်မျက်နှာကာတွန်း၊ စာကြည့်ရမှာ ပျင်းသော လင်းထက်မှာ သူ့အဖေ၏ စာကြည့် မျက်မှန်ကို ငှား၍ စာကြည့်လျှင် မပျင်းတော့မှာပဲလို့ တွေးထားပုံကို သရုပ်ဖော်ထားသည့် “လင်းထက်နှင့် စာကြည့်မျက်မှန်” နှစ်မျက်နှာကာတွန်း၊ အချောင်ခို၍ အလုပ်မလုပ်ချင်သော မြင်းနှင့် သူ့တာဝန်ကျေကာ သခင့်အပေါ် သိတတ်သော နွားတို့အကြောင်းကို သရုပ်ဖော်ထားသည့် “မတူစိတ်ထား မြင်းနှင့် နွား” နှစ်မျက်နှာကာတွန်းနှင့် ဆရာမက မြန်မာနိုင်ငံမှ ထွက်သော စားကုန်များကို မေးမြန်းသည့်အခါ တပည့်များ ပြန်လည်ဖြေဆိုထားသည်ကို သရုပ်ဖော်ထားသည့်  “ဖိုးဇော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

 သုတကဏ္ဍအနေဖြင့် နေပြတ်တောက်ခြင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသား ထားသည့် “နေပြတ်တောက်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ လူဆိုးများ ဖမ်းထားခြင်းခံရသော ကုန်သည်များတွင် ဉာဏ်ကောင်းသည့် မောင်စိတ္တကြောင့် သူတို့အားလုံး လွတ်မြောက်သွားပြီး လူဆိုးများ ပြန်လည်ဖမ်းဆီးခံထားရသည်ကို သရုပ်ဖော်ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို လှည့်စားကာ အမြတ်ထုတ်ချင်သော ဦးအတ္တနှင့် ငွေဒင်္ဂါး အိတ် ကောက်ရသော ရိုးသားသည့် ကောင်လေးတို့အကြောင်း ရေးသားထားသည့် “လောဘကြီး သူနှင့် ရိုးသားသူ” ပုံပြင်ကဏ္ဍ၊ သူတစ်ပါးကို လှည့်စားကာ အမြတ်ထုတ်ချင်သော ဦးအတ္တနှင့် ငွေဒင်္ဂါးအိတ် ကောက်ရသော ရိုးသားသည့် ကောင်လေးတို့အကြောင်း ရေးသားထားသည့် “လောဘကြီးသူနှင့် ရိုးသားသူ”  ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနဲ့ ပန်းဆိုင်တွင် သူ့ဇနီးမွေးနေ့ အတွက် ပန်းဝယ်သည့်အကြောင်းကို စကားအသုံးအနှုန်းပြောင်းပြီး အပြန်အလှန်ပြောဆိုထားပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် စာဖတ်ခြင်းဖြင့် အဆိုး၊ အကောင်း ကို နားလည်ပြီး အသိတရားနှင့် ထိန်းကျောင်းကာ နိုင်ငံအကျိုး သယ်ပိုးလို့ အမျိုးဂုဏ်ဆောင် သင့်ကြောင်းကို ရေးဖွဲ့ထားသည့် “သားသားဆန္ဒ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ