ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က သမီးပျို၏ “မြင်းမိုရ်သို့ ပန်းသဝဏ်လွှာ ကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အနှစ်သာရ၊ မြင့်မြတ်တဲ့ လဝါဆို၊ မီး၊ လမြတ်ဝါခေါင် သာတန်ဆောင်၊ ငယ်ဘဝအလွမ်း၊ နားခိုရာ၊ ငွေ၊ စံထားထိုက်တဲ့ တို့လူမျိုး စသည့် ကဗျာပုဒ်ရေ ၆၉ ပုဒ်ပါရှိပြီး လေးလုံးစပ်၊ တေးထပ်၊ အိုင်ချင်း၊ လေးချိုးကြီး၊ ကာချင်း၊ လေးချိုး၊ ဘောလယ်၊ အချိုးတွဲ၊ နွယ်သာကီသံဖြတ် ကဗျာဖွဲ့နည်းများဖြင့် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။