“နေမထူး” ရေးသားသည့် “အနက်ရောင်လွင်ပြင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“နေမထူး” ရေးသားသည့် “အနက်ရောင်လွင်ပြင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်းဖြစ်သည်။

“အနက်ရောင်လွင်ပြင်” စာအုပ်သည် မိဘမဲ့ (သို့မဟုတ်) မိဘကစွန့်ပစ်သဖြင့် လေလွင့်ပြီး ကြုံသလိုတောင်းရမ်းရှာဖွေစားသောက်နေထိုင်ကြသော လမ်းပေါ်မှကလေးများနှင့် ယင်းကလေးများကို အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ပေးနေသည့် ပရဟိတလူငယ်တစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ လူဆိုးဂိုဏ်းများ၏ အသုံးချမခံရရေးအတွက် ရှောင်ရှားရင်း မမျှော်လင့်ဘဲ ပတ်သက်မိသည့်အခါ ကလေးများကို စွန့်စားကယ်ထုတ်စဉ် ပရဟိတလူငယ် သေဆုံးသွားရပုံမှာ လျှို့ဝှက်ဆန်ဆန်နှင့် စိတ်ဝင်စားဖွယ် သည်းထိတ်ရင်ဖိုရသည့်ရသ၊ ကြေကွဲရသည့် ရသတို့ကို ပေါ်လွင်အောင်ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ