၂၂ - ၅- ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၂၁)၌ ဟင်းနုနယ်ရွက်စားသုံးခြင်းကြောင့် ရရှိလာမည့်အကျိုးများကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဟင်းနုနယ်ရွက်ကြော်” မျက်နှာဖုံးဇာတ်လမ်း၊ အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်းသည် ပျင်းရိနေသူ၏ အပျင်းကိုပင် နိုင်စေသော ဆေးတစ်လက်ဖြစ်ကြောင်း ပညာပေး တင်ဆက်ထားသည့် “အပျင်းနိုင်ဆေး” နှစ်မျက်နှာကာတွန်း၊ ကလေးများ စည်းကမ်းရှိစွာဖြင့် မိမိတို့၏ အသုံးအဆောင်ပစ္စည်း များကို ရိုရိုသေသေ သန့်သန့်ရှင်းရှင်း ကိုင်တွယ်သုံးစွဲသင့်ပုံအကြောင်းကို အတုယူဖွယ် တင်ဆက်ထား သည့် “စည်းကမ်းရှိမှ ပျော်ရွှင်ရ” နှစ်မျက်နှာကာတွန်း၊ မိမိဘဝ ကောင်းမွန်စေရန် စာကြိုးစားသင့်ကြောင်း ပညာပေးတင်ဆက်ထားသည့်“လမ်းပြကြယ်” နှစ်မျက်နှာကာတွန်း၊ ပေတူးတို့ဆရာတပည့်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖြစ်ရပ်မှန်ဝတ္ထု” တစ်မျက်နှာကာတွန်းနှင့် တင်မျိုးဇော်တို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက် ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာလူမျိုးတို့၏ ကဆုန်လညောင်ရေသွန်းလောင်းပုံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားသည့် “ကဆုန်လနှင့် ညောင်ရေသွန်းပွဲ” သုတဆောင်းပါးနှင့် တယောအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့်  “တယော” သုတဆောင်းပါးနှင့် ကလေးတို့၏ ဉာဏ်စွမ်းဖြင့် ရုပ်ပုံ ထဲရှိ ကြောင်လေးများကို ရှာဖွေနိုင်မည့် “ကြောင်လေးတွေ ဘယ်နှကောင်ရှိလဲ” ဉာဏ်စမ်းကဏ္ဍနှင့် ကလေးများပေးပို့သော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍတို့လည်း ပါဝင်ပါသည်။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကာယအားဖြင့် ဖြေရှင်းခြင်းထက် ဖြတ်ထိုးဉာဏ်သုံးကာ ဉာဏ အားဖြင့် ဖြေရှင်းသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “ဆာမူရိုင်းကြီး ခုနစ်ယောက်” ပုံပြင်တို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် မြန်မာလူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ညောင်ရေသွန်းပွဲတော် အကြောင်းကို စပ်ဆိုထားသည့် “ညောင်ရေသွန်းပွဲတော်” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် နာမ်ရှေ့တွဲသုံးစကားလုံးများ (determiner) အကြောင်းကို လေ့ကျင့်ခန်းများနှင့် တကွ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊      ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ