၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်) တို့နှင့် Virtual Meeting ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ စာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-38

2-28

 

အကြံပြုစာ/တိုင်ကြားစာ