၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ  စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာကျော်ဝင်း၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်) တို့နှင့် Virtual Meeting ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။

1-33

2-23

3-13

 

အကြံပြုစာ/တိုင်ကြားစာ