၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု သုတပဒေသာ (သိပ္ပံ) ဘာသာရပ် အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ သုတပဒေသာ (သိပ္ပံ) ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သုတပဒေသာ (သိပ္ပံ) ဘာသာရပ် ဘာသာရပ်  စိစစ်ရွေးချယ်ရေး ကော်မတီဝင် များ ဖြစ်ကြသည့် ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာသန့်လွင်မောင် (ကိုတာ)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးအေးမောင်ကျော် (အေးမောင်ကျော်)၊ ဦးမော်လင်း (မော်လင်း)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတပဒေသာ (သိပ္ပံ) ဘာသာရပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။

1-14

2-11

3-1

4-0

အကြံပြုစာ/တိုင်ကြားစာ