၂၇-၆-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၆)၌  ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၏ နွေးထွေး စွာ ကြိုဆိုမှုကြောင့် ကျောင်း တက်ရမှာကို မကြောက်တော့ဘဲ ပျော်ရွှင်စွာဖြင့် ကျောင်းတက်သည့် မစန္ဒာလေး အကြောင်း သရုပ်ဖော်ထားသည့် “မစန္ဒာ မငိုတော့ပါ” မျက်နှာဖုံးကာတွန်း၊ ဖခင်က ခိုင်းထားသည့် အလုပ်ကို မလုပ်ဘဲ မေ့လျော့သွားခဲ့သည့် ထူးထူးအကြောင်းကို သရုပ်ဖော် ထားသည့် “မေ့သွားလို့ပါ” နှစ်မျက်နှာကာတွန်း၊ ဦးလေးဆုံးမသည့် “သည်းခံခြင်းသည် အောင်မြင် ရာ၏” ဆိုသည့်စကားကို မလိုက်နာမိသည့်အတွက် ဦးလေးဖြစ်သူ ဒေါသဖြစ်သွားသည့် အကြောင်းကို သရုပ်ဖော် ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ ရှဉ့်ကလေး၏ ရှင်းပြမှုကြောင့် ခြင်္သေ့လေးသည် သူ၏ အမြီးကို စိတ်တိုင်းကျသွားသည့်အကြောင်းကို သရုပ်ဖော်ထားသည့်  “သဘာဝဟာ သဘာဝ” နှစ်မျက်နှာကာတွန်း၊ မိဘကျေးဇူးကို မသိတတ်သည့် သားသုံးဦး၏ ဒုက္ခ တွေ့ရပုံကို သရုပ်ဖော်ထားသည့် “မိခင်ကြီးနှင့် သားသုံးဦး” နှစ်မျက်နှာကာတွန်းနှင့် မိဘ ကျေးဇူးကို မသိတတ်သည့် သားသုံးဦး၏ ဒုက္ခတွေ့ရပုံကို သရုပ်ဖော်ထားသည့် “မိခင်ကြီး နှင့် သားသုံးဦး” နှစ်မျက်နှာကာတွန်းနှင့် ပုစု၏ စိတ်အလိုမကျမှုကို ဖိုးတစ်တိုက ရှင်းပြပေးလိုက် သောကြောင့် သဘောပေါက် နားလည်သွားသည်ကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။


ကလေးတို့အနေနှင့် မိုးရွာခြင်းနှင့် ပတ်သက်၍ သိပ္ပံနည်းကျဗဟုသုတများ ရရှိ စေရန် ရေးသားထားသည့် “မိုးရွာခြင်း” သုတဆောင်းပါးကဏ္ဍ၊ ဆိုဆုံးမရလွယ်ကူသူ၏ အကျိုးရှိပုံနှင့် ဆိုဆုံးမရခက်ခဲသူတို့၏ အကျိုးမဲ့ပုံအကြောင်း ရေးသားထားသည့် “ဆိုဆုံးမ လွယ်ကူခြင်း၏ အကျိုး” ပုံပြင်ကဏ္ဍ၊ နယုန်လတွင် ကျောင်းများ ပြန်ဖွင့်ကြပုံနှင့် လူတော်၊ လူကောင်းဖြစ်ရန် ပညာကို ကြိုးစားသင်ယူသင့်ကြောင်း ရေးဖွဲ့ထားသည့် “တာထွက် စကောင်း အကြောင်းပြု” ကဗျာကဏ္ဍ၊ ကျောင်းက ကျင်းပသည့် ကောက်စိုက်ပြိုင်ပွဲတွင် ဇော်မောင်၏ နည်းစနစ် မှန်ကန်မှုနှင့် အသင်း၏ စည်းလုံးမှုရှိခြင်းတို့ကြောင့် ပထမဆု ရရှိပုံအကြောင်း ‌ရေးသားထားသည့် “ကောက်စိုက်ပြိုင်ပွဲ” ဝတ္ထုကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကလေးများအနေနှင့် ကျောင်း၊ လမ်းနှင့် အိမ်တွင် စည်းကမ်းများ လိုက်နာကြလျှင် ဘဝတိုးတက်မှာဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “စည်းကမ်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။


ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ