၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာ နှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ အတွဲ (၅၃)၊ အမှတ် (၄) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါ သည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံစီးပွားမြှင့်တင်ဖို့ ရေအားလျှပ်စစ်ကို အသုံးချစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ကို သတိပြုပါ၊ နိုင်ငံ့စီးပွားတိုးတက်ဖို့ ရေအားလျှပ်စစ်ထုတ်လုပ်စို့၊ လူငယ်ရေးရာကဏ္ဍတွင် ပညာနဲ့ ဉာဏ်ရည်တု ဆက်စပ်မှုကို လေ့လာခြင်း၊ အလင်း စွမ်းအားပေးခဲ့သူ သို့မဟုတ် မိုက်ကယ်ဖာရာဒေး၊ ဉစ္စာ၊ အာဏာ၊ ပညာ၊ ပါဝါနဲ့ ဂုဏ်သိက္ခာ၊ ခေါ်သံ၊ တန်ခူးလ စာအလှများ၊ လူငယ်များ ယုံကြည်ကိုးစားရာ၊ သန်းကြွယ်သူဌေးများ၏ နေ့စဉ်လူနေမှုပုံစံ၊ ကဗျာကဏ္ဍတွင် လူငယ့်အားညီ ရှေ့သို့ချီ၊ လှည့်စားသော အချိန်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အာရှ၏ ချမ်းသာသူများအတွက် စင်ကာပူနှင့် ဆွစ်ဇာလန်၊ မိန်းမလှ ကျွန်းဆွယ်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် ဆီးနှင်းမပြတ် ဖုံးလွှမ်းနေသော ကမ္ဘာ့အကြီးဆုံးတောင်တန်း၊ စီးပွားရေးဆိုင်ရာကဏ္ဍ တွင် MSME လုပ်ငန်းများနှင့် AI အခြေခံလမ်းညွှန်၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် ကျား/ မ အခြေပြု အကြမ်းဖက်မှု၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၈)၊ လူငယ်များနှင့် ခံတွင်းပျက်ရောဂါ၊ နွေရာသီနှင့် ကျန်းမာရေး၊ အိပ်ရာထဲ ဖုန်းမသုံးရန်၊ ဝတ္ထုတိုကဏ္ဍတွင် မီးဖိုခြင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပန်းတွေတင်မယ့်လှေ၊ ဖိုးကံကောင်း၊ ဦးခေါင်းတွင် သံချွန်စိုက်ဝင်နေတဲ့ ကောင်ကလေး၊ အထွေထွေကဏ္ဍတွင် စိတ်နှလုံးအေးတဲ့ဆေး၊ ရေသောက်ရန် အချိန်ကောင်း၊ စွမ်းအားရှင်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။