ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၈)၊ အမှတ်(၁၇) တွင် မြန်မာ့သိုင်းပညာကို အသုံးပြု၍ ပစ္စည်းလုယက်သူတို့ကို ဖမ်းဆီးပေးနိုင်ခဲ့သည့် ရွှေပိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေပိုးနှင့် ကိုယ်ခံပညာ” မျက်နှာဖုံး ကာတွန်း၊ မမပန်ပန်၏ ဆိုဆုံးမမှုကြောင့် စာကြည့်တိုက်သို့ စာဖတ်ရန်သွားမည့် မြဂျိုးတို့အကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနဲ့ ပန်ပန်” နှစ်မျက်နှာကာတွန်း၊ ထူးထူး၏ ဘောလုံးလေ့ကျင့်မှုကြောင့် ပြတင်းပေါက်မှန်ကွဲသွားသဖြင့် ဘောလုံးချန်ပီယံမှ အပြေးချန်ပီယံ ဖြစ်သွားရသည့်အကြောင်း သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော အပြေးချန်ပီယံ” တစ်မျက်နှာကာတွန်း၊ ဖြိုးရဲ၏ ဘောလုံးကန်ချက်ကြောင့် သူ၏အမေကို မတော်တဆ ထိမှန်သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ၏လေ့ကျင့်ခန်း” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများ၏ စေတနာကို စော်ကားမိသည့်အတွက် ဘေးအန္တရာယ်ကျရောက်တော့မည့် ကျောင်းသူလေး ပိုပိုမအကြောင်း သရုပ်ဖော်ထားသည့် “ပိုပိုမ ပါဝင်သော ရွှေလက်စွပ်” နှစ်မျက်နှာကာတွန်းနှင့် မြန်မာဗျည်းအက္ခရာများကို သင်ကြားပေးသည့် ဆရာမနှင့် ကျောင်းသားလေး မောင်တာတီးတို့၏ ဗျည်းအရေအတွက်နှင့် ပတ်သက်၍ အမေးအဖြေ ပြုလုပ်ပုံကို သရုပ်ဖော်ထားသည့် “တာတီးနဲ့ ဗျည်း” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ဆာဟာရသဲကန္တာရအကြောင်း ဗဟုသုတစုံလင်စွာ ရေးသားထားသည့် “ကမ္ဘာ့အကြီးဆုံး ဆာဟာရသဲကန္တာရ” သုတဆောင်းပါးကဏ္ဍ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များကို ဖော်ပြထားသည့် “ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်” ကဏ္ဍ၊ လူကြီးမိဘများ၏ စကားကို ဆုံးအောင် နားမထောင်မိသည့်အတွက် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် မောင်အောင်အကြောင်း ရေးသားထားသည့် “သက်ကြီးစကား” ဝတ္ထုကဏ္ဍ၊ သူရင်း ငှားအလုပ်ကို ရိုးရိုးသားသားဖြင့် ကြိုးစားလုပ်ကိုင်သော ညီငယ်လေးကြောင့် အစ်ကိုနှစ်ယောက်နှင့် ပြန်လည်ဆုံဆည်းခွင့်ရပုံကို ရေးသားထားသည့် “ညီအစ်ကိုသုံးယောက်နှင့် ဝါသနာ” ပုံပြင်ကဏ္ဍ၊ ကလေးတို့အနေဖြင့် ee နှင့် ဆုံးသည့်စကားလုံးများကို တွေးဆလေ့ကျင့်နိုင်မည့် “ဉာဏ်စမ်း” ကဏ္ဍနှင့် မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ကလေးများ၏ စိတ်တွင် အလွယ်တကူ မှတ်သားနိုင်ရန် ရေးဖွဲ့ထားသည့် “အလုပ်သမားနေ့ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။