ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရရှိသည့် စာရေးဆရာ မြန်စာမြေ သိန်းလွင်၏ “ပျို့စာဆို ဦးနိုး၏ ဘဝနှင့် စာပေ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် ပျို့စာဆို ဦးနိုး၏ ဘဝနှင့် ၎င်းရေးဖွဲ့ခဲ့သော စုစုပေါင်း ပျို့ရှစ်စောင်ရှိသည့်အနက် မာတာပီတသင်္ဂဟပျို့နှင့် ဝိဓူရပျို့ နှစ်စောင်မှအပ ကိန္နရာချောင်းခြားပျို့၊ ပဋာစာရီပျို့၊ ဝေဿန္တရာပျို့၊ မဟာမြတ်မုနိ ဘုရားကြီးသမိုင်းပျို့၊ မဟာဇနကပျို့၊ ရှင်မာလဲပျို့ တို့ကို အသေးစိတ်လေ့လာတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၄၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။