စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ပထမဆုရရှိသည့် ကိုတိုး (ရန်ကင်း)၏  ‘ဇာတိမာန်စာဆို ပုဂ္ဂိုလ်ကျော်များ’ စာအုပ်ကို ဖြန့်ချိရောင်းချ

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ပထမဆုရရှိသည့် ကိုတိုး (ရန်ကင်း)၏  ‘ဇာတိမာန်စာဆို ပုဂ္ဂိုလ်ကျော်များ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာပေဖြင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စိတ်ရင်း၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန်ထက်သန်ရေး စသည့် မွန်မြတ်သော စာပေစေတနာများကို အရင်းခံကာ နှလုံးသွေးဖြင့် ရေးသားခဲ့ကြသော ဇာတိမာန်စာဆိုတော် အကျော်အမော်(၃၂) ဦး၏ စာပေဂုဏ်ရည် ကို စုစည်းဖော်ပြထားရာ မှတ်သားဖွယ်ရာများ စုံလင်လှသည်။ အလောင်းမင်းတရားကြီးလက်ထက် “အနန္တသူရိယအမတ်ကြီး” မှစ၍ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရ၊ အလင်္ကာကျော်စွာဘွဲ့ရ၊ အရှေ့ဘာလင် ဟမ်းဗတ်တက္ကသိုလ်မှပေးအပ် ချီးမြှင့်ခဲ့သော ဂုဏ်ထူးဆောင်ပါရဂူ ပီအိပ်(ချ်) ဒီဘွဲ့ရ ဆရာကြီးသခင် ကိုယ်တော်မှိုင်းအထိ ပါဝင်သည်။ ထိုနည်းတူ ဇာတိမာန်စာဆိုတော် တစ်ဦးချင်းစီ၏ ဘဝဖြစ်စဉ် အကျဉ်းများနှင့် ၎င်းတို့ရေးသားပြုစုခဲ့ကြသော တေး၊ ကဗျာ၊ ရတု စသည့် စာစုစာရင်းများကိုလည်း ဖော်ပြထားပါသည်။ 
အဆိုပါစာအုပ်ကို ရောင်းဈေး (၆၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

အကြံပြုစာ/တိုင်ကြားစာ