၁၀-၁-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂)၌ မြေခွေးဖိုးရှုပ်၏ အနိုင်ကျင့်မှုကို ခံရသော ဝက်ဝံလေး ညိုညို၏ အခက်အခဲကို ကူညီဖြေရှင်းပေးသော ဉာဏ်ကောင်းသည့် ယုန်လေးဖြူဖြူအကြောင်း သရုပ်ဖော်ထားသည့် “ညိုညိုနဲ့ ဖြူဖြူ” မျက်နှာဖုံးကာတွန်း၊ ရွှေပိုး၏ အိပ်မက်ထဲတွင် လေဆာ ရောင်ခြည်သေနတ်ဖြင့် သစ်ပင်များ ခုတ်လှဲကာ ဓာတ်ကြိုးများ ပြတ်ကျသွား၍ လန့်နိုးသွားသည့် အကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေပိုး- လေဆာရောင်ခြည်” နှစ်မျက်နှာကာတွန်း၊ ကျောင်းဆရာဦးအောင်ကြီးက ဆန့်ကျင်ဘက်အရာများအကြောင်း ရှင်းပြရာမှ တပည့် မောင်သံချောင်းကို မေးမြန်းထားသည်ကို သရုပ်ဖော်ထားသည့် “ဥယျာဉ်မှူးနှင့် သူ၏ ပန်းကလေး များ” တစ်မျက်နှာကာတွန်း၊ ဆေးလိပ်အန္တရာယ်အကြောင်းကို  စာမဲ့ကာတွန်းဖြင့်  သတိပေးထားသည့် “ကိုလင်း” မျက်နှာဝက်ကာတွန်း၊ ချမ်ဆာမွန်ငါးအကြောင်းကို သရုပ်ဖော်ထားသည့် “ချမ်ဆာမွန်” နှစ်မျက်နှာကာတွန်း၊ ဆရာကြီးဦးစန်းလွင်က တပည့်များကို စည်းကမ်းရှိရန်နှင့် ပစ္စည်းများကို ရိုသေစွာ ကိုင်တွယ်သင့်ပုံအကြောင်း ဆုံးမထားသည့် “စည်းကမ်းအစ စာသင် ကျောင်းက” နှစ်မျက်နှာကာတွန်းနှင့် ကမ္ဘာကြီးက လုံး၍ လည်ပတ်နေသည်ဆိုလျှင် လူများ အောက်သို့ ပြုတ်ကျသွားနိုင်ကြောင်း ပိုင်ပိုင်လေးက သူငယ်ချင်းကို စနောက်ထားပုံ သရုပ်ဖော် ထားသည့် “ပိုင်ပိုင်လေးပါဝင်သည့် ကမ္ဘာကြီး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

 သုတကဏ္ဍအနေဖြင့်  မြန်မာ့အားကစားနည်းတစ်မျိုးဖြစ်သော ခြင်းလုံးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသော “တုပြိုင်ကင်းတဲ့ မူပိုင်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်အကြောင်းကဏ္ဍ၊ မိဘများကို အနိုင်ကျင့်နေသည့် လူဆိုးကြီးအား ဖမ်းဆီးရှင်းလင်းနိုင်ခဲ့သော မောင်မြစ်အကြောင်းကို ရေးသားထားသည့် “ကျေးဇူး အတွက် စွန့်စားရဲသူ” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းသုံးယောက်တို့သည် တစ်ဦးနှင့် တစ်ဦး အမြင် ကြည်လင်သွားကာ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်စွက်ပြီး စာကြိုးစားသွား မည့်အကြောင်း ရေးသားထားသည့် “မြင့်မြတ်သူတို့  စိတ်ထား” ဝတ္ထုကဏ္ဍနှင့် ဗဟုသုတစုံလင်စွာ ရရှိရန်၊ အမှား အမှန်ကို သိရှိရန်၊ အသိပညာရှာဖွေရန်နှင့် အရွယ်သုံးပါးစလုံး စာဖတ်ကြရန် ရေးဖွဲ့ထားသည့် “စာဖတ်ကြပါစို့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

အကြံပြုစာ/တိုင်ကြားစာ