၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ(၅၂)၊ အမှတ်(၉) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်မှုဓလေ့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်မှုဓလေ့၊ ရိုးရာ ဓလေ့ သနပ်ခါး ထိန်းသိမ်းကြစို့ ပြည်သူများ၊ သနပ်ခါးကို သိပ္ပံနည်းကျ လေ့လာခြင်း၊ လူငယ်ရေးရာ ကဏ္ဍတွင် လူပီသတဲ့လူ၊ ကမ္ဘာကြီးအတွက် ဆေးတစ်ခွက် ဖော်စပ်ခဲ့သူ၊ ဘာ အရေးကြီးဆုံးလဲ၊ ဝန်းကျင်တစ်ခွင် သာစေချင်၍…၊ သင့်အတွက် မနက်ဖြန်ရှိသည်၊ အောင်မြင်သူတို့ လျှောက်သော လမ်း၊ လူသားအရည်အသွေး ပြည့်ဝရေး၊ အွန်လိုင်းလိမ်လည်မှု၊ ကျောင်းသားများ၏ မှတ်ဉာဏ် အစဉ် ထက်သန်ဖို့၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွင် အင်္ဂါဂြိုဟ်ကြီးပေါ်တွင် လူသားတို့ စတင်အခြေချတော့မည်၊ လူမှုစနစ်ယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုနှင့် ပညာရေးဖိအား၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အမဲသား ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေသယံဇာတ၊ ရေနံနှင့် ပတ်သက်၍ အားထုတ်မှုနှင့် လွဲချော်သက်ရောက်မှု၊ အဆိပ်ငွေ့ထွက် မီးစက်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စစ်အေးတိုက်ပွဲခေတ်သစ်တွင် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးဝါး တိုက်ဖျက်ကြ၏၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးအလုပ်သမား တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် အိပ်မက်တွေ ရှိခဲ့ပေမဲ့၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၁)၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကျောက်ကပ်တစ်လုံး အသက်သုံးချောင်း၊ ပင်လယ်အောက်၌ ထောင်ချောက်မိခံခဲ့ရခြင်း၊ အထွေထွေကဏ္ဍတွင် ပုံပြင်လေးတွေရှိခဲ့တယ်၊ ဆန်အင်ဒရီးစ် ငလျင်ပြတ်ရွေ့ကြီးနှင့် ငလျင်အန္တရာယ် ကာကွယ်ရေး၊ ရုပ်လောကကို တည်ဆောက်ကြသော အမှုန် လေးများ (ဒုတိယပိုင်း)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။