၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်တွင် စာအုပ် (၁၇၀) မျိုး ထပ်မံရရှိ

၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၅ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန် သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၅ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၃) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်တွင် စာအုပ် (၁၇၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Website တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -

1-387
2-336

3-170

4-1005-63

6-48

7-29

8-26

9-16

အကြံပြုစာ/တိုင်ကြားစာ