ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ကိုနီသွေး (မန်းမြို့) ၏ “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ မိဘနှင့်သားသမီး ဆက်ဆံရေး၊ ဆရာနှင့် တပည့် ဆက်ဆံရေးနှင့် ညီအစ်ကိုမောင်နှမ အချင်းချင်းဆက်ဆံရေးတွင် မေတ္တာအခြေခံသော နားလည်စာနာမှုရှိခြင်းက အထူးအရေးကြီးလှကြောင်း ဖော်ကျူးထားသော ဝတ္ထုများ ပါဝင်သည်။ “မှန်ပြတောင်” တောင်ခြေရှိ တဲကျောင်းလေးနှင့် ဂူတစ်လုံးရှိရာသို့ ၁၀ ရက်ကြာ သွားရောက် တရားအားထုတ်သော သခင်ကို သူ၏ခွေးကြီးကျားမောင်က ဂူပေါက်ဝတွင်စောင့်၍ အန္တရာယ် အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပုံဝတ္ထုက စိတ်ဝင်စားဖွယ်ကောင်းသည်။ မုဆိုးများ သားကောင် ရှာသည့်အခါ ပြိုင်ဘက်မုဆိုးရှိလာလျှင် ရှောင်ပေးရသော မုဆိုးစည်းကမ်းရှိကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုကလည်း တစ်မူထူးခြားသည်။ မည်သူမဆို အသက်အရွယ်ကြီးရင့်လာလျှင် မိမိဇာတိရွာကိုသာ ပြန်၍ ခေါင်းချလိုသော လူ့သဘာဝရေးဖွဲ့မှုကလည်း ပီပြင်သည်။ အရက်သမားများ အရက်မူးလာ လျှင် ပြုမူတတ်သော အမူအကျင့်ကို ဟာသနှော၍ ရေးဖွဲ့ထားပြီး ခဲဖိုးကိစ္စဖြင့် နှစ်ဖက်မိဘအသိုင်း အဝိုင်းက မကျေမလည်ငြင်းခုံနေစဉ် သတို့သားနှင့် သတို့သမီးတို့က အိမ်မှတိတ်တဆိတ် ထွက်ပြေး သွားကြပုံ ဝတ္ထုကလည်း ရယ်မောရသည်။ စာရေးသူသည် သူ့ဝတ္ထုများကို ကျစ်ကျစ်လျစ်လျစ်နှင့် လှလှပပ ဖွဲ့စည်းထားသောကြောင့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်¬¬¬¬ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ¬¬¬(ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။¬¬¬¬