၂၅ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄)၌ မိမိမကျွမ်းကျင်သည့် အလုပ်ကို လုပ်ကိုင်မိ၍ ဒုက္ခရောက်ခဲ့ရသော ဖိုးချွန်းနှင့် ဝိတ်ပေါတို့အကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါ- ကိုယ့်အလုပ် ကိုယ်လုပ်” မျက်နှာဖုံးကာတွန်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ နောင်ဖြစ်လာမည့် အကျိုးဆက်များကို တွေးတောဆင်ခြင်၍ ဆောင်ရွက် သင့်ကြောင်း သရုပ်ဖော်ထားသည့် “စဉ်းစားပြီးမှ လုပ်ပါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများနှင့် ဘောလုံးကစားရာ၌ ဖြတ်ထိုးဉာဏ်သုံးကာ ဂိုးတိုင်ပြုလုပ်ခဲ့သော ကွာစိအကြောင်းကို သရုပ်ဖော်ထား သည့် “ဖြိုးရဲနှင့် ကွာစိ- ဂိုးဖမ်းမယ်” နှစ်မျက်နှာကာတွန်း၊  ကျောင်းသားများအနေဖြင့် မိမိမကျွမ်းကျင် သော ဘာသာရပ်ကို မဆုတ်မနစ် ကြိုးစားပါက ၎င်းဘာသာရပ်တွင် ထူးချွန်လာနိုင်ကြောင်း သရုပ်ဖော် ထားသည့် “မြဂျိုးရဲ့ မဆုတ်မနစ်” နှစ်မျက်နှာကာတွန်း၊ ဆရာမ စာမေးမည်ကို သိ၍ နေမကောင်းဟန် ဆောင်ကာ ခွင့်တိုင်ခဲ့သော ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ခွင့်တိုင်စာ” တစ်မျက်နှာကာတွန်း နှင့် အဆင့်တစ်ရလျှင် စက်ဘီးဝယ်ပေးမည်ဆို၍ စက်ဘီးစီးလေ့ကျင့်နေ၍ အမှတ်အနည်းဆုံးဖြစ်နေ‌သော ဖိုးလုံးအကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးလုံး- ဒါ့ကြောင့်ပါ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် မိုးရွာပြီးစအချိန်တွင် ကောင်းကင်၌ မြင်တွေ့ကြရသည့် သက်တံ ရောင်စဉ်များအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “သက်တံရောင်စဉ် ပဟေဠိ” သုတ ဆောင်းပါး ပါဝင်ပြီး သူတစ်ပါးအပေါ် အနိုင်ကျင့်ကာ အချောင်ခိုခဲ့ပြီး ဒုက္ခ‌ရောက်သောအခါမှသာ   ရေသန့်ဘူးကဲ့သို့ စိတ်ထားဖြူစင်သော သူငယ်ချင်းအကြောင်းကို သိခဲ့ရသည့် ကျော်ကြီးအကြောင်းကို ရေးဖွဲ့ထားသည့် “ရေသန့်ဘူးလိုမျိုး” ဝတ္ထုနှင့် သူတစ်ပါးကို သနားညှာတာတတ်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံသောကြောင့် သူဌေးကြီး၏ သမီးငယ်နှင့် ပိုင်ဆိုင်မှုများကို ရရှိခဲ့သော လုလင်ငယ်တစ်ယောက် အကြောင်းကို ရေးဖွဲ့ထားသည့် “ကြင်နာသနား ပညာများသူ” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံကို ကလေးတို့ စိတ်ကြိုက်အ‌ရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊ ပေးထားသော ကွက်လပ်များတွင် ရုပ်ပုံလေးများ၏ အင်္ဂလိပ်အမည်မှန်များကို ဖြည့်ပေးနိုင်မည့် ဉာဏ်စမ်းနှင့် ခရေပင်မှ ပန်းပွင့်များရရှိရုံသာမက အရိပ်ကောင်းကောင်းရရှိနိုင်ပုံကို သီကုံးစပ်ဆိုထားသည့် “ဖိုးခရေ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိမ်ငှားရမ်း မည့်သူနှင့် အိမ်ပိုင်ရှင်တို့အကြား အိမ်ငှားရမ်းခ ညှိုနှိုင်းပြောဆိုပုံကို အပြန်အလှန်ပြောဆိုပုံဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ