''မောင်လွန်းမြိုင် (ပင်လယ်ဘူး)'' ရေးသားသည့် ''ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

''မောင်လွန်းမြိုင် (ပင်လယ်ဘူး)'' ရေးသားသည့် ''ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

''မောင်လွန်းမြိုင် (ပင်လယ်ဘူး)'' ၏ ''ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ'' စာအုပ်သည် ကလေးကဗျာပီပီ ကဗျာများမှာ ရွတ်ဆို၍ကောင်းသော ကဗျာများ၊ ကလေးများ သိနားလည်မှုရှိသော စကားလုံးများဖြင့် အကြောင်းအရာ အမျိုးအစားစုံလင်အောင် ရေးစပ်ထားသည်။ ကလေးတို့၏ ချစ်စရာသဘာဝလေးများကို ချိုသာသော ကာရန်များဖြင့် အကြောင်းစုံလင်စွာ ဖွဲ့ဆိုထား၍ ပျော်ရွှင်စွာ ရွတ်ဆိုနိုင်သည့် ကဗျာစာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ကလေးများအဖို့ ကဗျာပြူတင်းမှတစ်ဆင့် ဗဟုသုတများစွာကို လေ့လာသိရှိနိုင်သည့် ကလေးကဗျာစာအုပ်တစ်အုပ် ဖြစ်ပါသည်။ ထိုပြင် ကဗျာများကို အစဉ်အလာ ကဗျာလမ်းကြောင်းနှင့်အညီ ရေးဖွဲ့ထား၍ ကဗျာရေးစပ်လိုသူ ဝါသနာရှင်များ လက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၃၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ