၂၁ - ၉ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၃၈)၌ ရုပ်အဆင်းအင်္ဂါ လှပမှုနှင့် အခြားသူများ၏ မြှောက်စားထား ခြင်းတို့ကြောင့် မာနကြီးကာ ဘဝမြင့်မိ၍ ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသော ခိုလေးအကြောင်းကို သရုပ်ဖော်ထား သည့် “ခိုမင်းသားလေး” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို ဒုက္ခပေးချင်ဇောဖြင့် မိမိအပေါ် အနိုင်ယူခြင်း ခံလိုက်ရသော မြွေကြီးအကြောင်းကို သရုပ်ဖော်ထားသည့် “ရေငုပ်ပညာ” နှစ်မျက်နှာကာတွန်း၊ ဆေးလိပ် သောက်သုံးမိ၍ နောင်တရနေသော မောင်ဦးအကြောင်းကို သရုပ်ဖော်ထားသည့် “ပုတိုပါဝင်သည့် ဆေးလိပ်” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်မိမိသာ တော်သည်တတ်သည်ဟု မယူဆဘဲ လူတိုင်း သူ့နေရာ နှင့် သူ တတ်သိနားလည်ကြကြောင်း သိရှိနိုင်စေရန် သရုပ်ဖော်ထားသည့် “သူ့နေရာနဲ့ သူ” နှစ်မျက်နှာ ကာတွန်း၊ မိခင်က လက်ဖက်ခြောက်ဝယ်ခိုင်းသည်ကို လက်ဖက်စိုဖြင့် လွဲမှား၍ ဝယ်ခဲ့မိသော်လည်း ဆိုင်ကို ပြန်သွားမလဲလိုသော ဖိုးတစ်တို၏ ဉာဏ်များပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် စာမေးပွဲရမှတ်အပေါ် အခြေခံ၍ အဖေတူ သား၊ အမေတူ သား စသည်ဖြင့်  ခွဲခြား ပြောနေသော ဖိုးနီလေးတို့သားအဖအကြောင်းကို ရေးဖွဲ့ထားသည့် “အဖေတူ သား” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် မျက်စိအာရုံချို့ယွင်းခြင်းမှ ကင်းဝေးစေရန် လိုက်နာရမည့် အရာများနှင့် ရှောင်ရှားရမည့် အရာများကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “စက္ခုအာရုံကောင်းစေရန် မျက်စိကို ဂရုစိုက်ပါ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ကောက်ကျစ်စဉ်းလဲသော မိကျောင်း၏ မိတ်ဆွေ ဖွဲ့မှုကို ယုံစားမိ၍ သူငယ်ချင်းများ ဆုံးရှုံးသွားခဲ့ရသော မျောက်ဖြူလေးအကြောင်းကို သရုပ်ဖော်ထားသည့် “ချောင်းထဲက မိတ်ဆွေ” ပုံပြင်နှင့် စာဖတ်ဝါသနာပါသော ကလေးငယ်များ သတ်ပုံမှား၍ ဖတ်သည့်အခါ မကဲ့ရဲ့ဘဲ စာလုံးပေါင်းသတ်ပုံအမှန်ပြောပြ၍ စာဖတ်ခြင်းကို အားပေးရန် လိုအပ်ကြောင်း ရေးသားထား သည့် “ဝက်သက်ဂြိုဟ်သား” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီ လက်ရာများကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် စာများများဖတ်ပါက စာအုပ်စာပေများက ပေးသည့် အသိအလိမ္မာရရှိကာ ကိစ္စဟူသမျှ အမှားအမှန် ခွဲခြား နိုင်မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “စာဖတ်ပါ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အိမ်လခပေးချေရန် မကြာခဏ နောက်ကျသဖြင့် တိုက်ခန်းမှ နှင်ထုတ်သည့် နို့တစ်စာရ၍ အိမ်ရှင်နှင့် အိမ်ငှားတို့ အပြန်အလှန်ပြောဆို ဆွေးနွေးကြပုံကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ