၁၈-၁၁-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌နိုဝင်ဘာလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၆)၌ လောဘကြီးခြင်းသည် မကောင်းမှု၏ မူလရင်းမြစ် တစ်ခုဖြစ်ကြောင်း ခွေးညိုကို ပမာပြု၍ တင်ဆက်ထားသည့် “လောဘကြီးတဲ့ ခွေးညို” မျက်နှာဖုံးကာတွန်း၊ လောဘစိတ်လွန်ကဲခြင်းကြောင့် မြစ်လယ်တွင် ရေထဲနစ်မြုပ်သေဆုံးသွားသော ဦးလောဘအကြောင်း တင်ဆက်ထားသည့် “မလဲနိုင်ပါ” နှစ်မျက်နှာကာတွန်း၊ ဥဩငှက်တို့၏ သဘာဝ နွေရာသီအချိန်တွင် ပင်ယံထက်မှနေ၍ “ဥဩ...ဥဩ” ဟု အော်မြည်ရသည့် ဒဏ္ဍာရီပုံပြင် အကြောင်း ရေးဖွဲ့ထားသည့် “ဥဩ” နှစ်မျက်နှာကာတွန်း၊  ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆင်ခြင်နိုင် စွမ်း အားနည်းပြီး သူတစ်ပါးပြောတိုင်း နားယောင်တတ်သည့် “မှားပြန်ပြီ” နှစ်မျက်နှာကာတွန်း၊ ဘဘကျော်သည် မင်္ဂလာဆောင်ပွဲသို့လည်း မသွား၊ မွေးနေ့ပွဲသို့လည်း မသွားဘဲ အိမ်တက်ပွဲသို့ သွားရသည့်အကြောင်းရင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဘဘကျော်” တစ်မျက်နှာကာတွန်း နှင့် တီဗွီကြည့်ရခြင်းထက် စာအုပ်ဖတ်ရသည်ကို ပိုသဘောကျကြောင်း တင်ဆက်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် ရောင်းလိုအားအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဘုရားလောင်းနိ‌ဂြောဓသမင်မင်း၏ အလုံးစုံသော သတ္တဝါတို့အပေါ်ထားရှိသည့် မေတ္တာကရုဏာကြီးမားမှုကြောင့် သတ္တဝါတို့၏ အသက်ကို ကယ်တင်ပေးခဲ့ပုံအကြောင်း တင်ဆက် ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဖေဖေ၊ မေမေတို့က ဝယ်ကျွေးသော မုန့်ကိုသာ စည်းကမ်းရှိရှိ စားပါတော့မည်ဆိုသော ဘုတ်ဘုတ်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင်  ရွှေသွေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် စကားပြောရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်စည်သူ (အဖျောက်)၏ “စကားပြောရာ ယဉ်ကျေးပါ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မိမိအိမ်ကို လာလည်သည့် မိတ်ဆွေဧည့်သည်ကို ကြိုဆိုပြီး ဧည့်ခံရာတွင်ပြောသည့် စကားပြောကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကကလေးတို့ လေ့လာနိုင် မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ